EXTRA

7.3K 405 27
                                    

(Zawgyi)
  
"ဘာလုပ်နေတာလဲ အနားလာပြီးတော့"

"ဘာကူလုပ်ပေးရမလဲ လာကြည့်တာ"

"မရှိပါဘူး ၊ မင်းကလိုက်ပို့ပေးရမဲ့တာဝန်ယူထားတယ်လေ၊ချက်တာကတော့ငါ့တာဝန်ပဲ "

"ဟုတ်တာကဟုတ်ပေမဲ့ ငါကမင်းပင်ပန်းမှာဆိုးလို့"

"မလိုပါဘူးဆိုနေ ၊ အေးအေးဆေးဆေးသာထိုင်နေ"

စွမ်းရည်ပြောသလို ထမင်းဆိုင်လေးဖွင့်ရန်တွေးခဲ့သော်လည်း တကယ်တမ်းတော့မလွယ်လှပါ။

အိမ်ကအနည်းငယ်ကျဉ်းပြီး ခြံထဲပြင်ဆင်ဖို့ကလည်း အခက်အခဲရှိတာမို့ လောလောဆယ်တော့ ထမင်းဆိုင်လေးဟုသာ အင်တာနက်ပေါ်မှာကြော်ငြာပြီး အနီးအနားရှိအိမ်များအား လိုက်ပို့ပေးသည်။

စွဲမက်၏ ဟင်းချက်ကောင်းမှုနှင့် စွမ်းရည်၏ ဖော်ရွေကာ သဘောကောင်းမှုတွေကြောင့်ထမင်းဆိုင်လေးမှာ အချိန်တိုအတွင်းပင်နာမည်ရလာလေသည်။ Flam ရှိ အားလုံးလိုလို စွဲမက်၏ မြန်မာထမင်းဟင်းများအား နှစ်သက်သည်မို့ အတော်လေးကို အဆင်ပြေလာ၏။

ဈေးသက်သက်သာသာရောင်းပေးမှုကြောင့်လည်းပါသည်။မြန်မာ့ ရိုးရာမုန့်များ ၊ ထမင်းဟင်းများအား စွဲမက်က ရောင်းချပေးသည့်အတွက်တခြားမြို့ရှိ ဧည့်သည်များကပါ လာရောက်ဝယ်ယူကြလေသည်။

ငွေကြေးစည်းပွားအတွက် သူတို့နှစ်ယောက်စလုံး ပူစရာမရှိပါ။

စွဲမက်မှာလည်း သုံးမကုန်သောအမွေများရထားပြီး စွမ်းရည်မှာလည်း မိသားစုပိုင်လုပ်ငန်းများရှိသည်မို့ ငွေကြေးအခက်အခဲမရှိ။အိမ်မှာနေကာ ပျင်းစရာအချိန်များအာ နှစ်ယောက်အတူတူ ပျော်စရာကောင်းအောင် စီးပွားရေးလေးအားစတင်ခဲ့ကြခြင်းပင်။

"မင်းဗိုက်ဆာပြီလား"

"နည်းနည်းတော့ဆာပြီ"

"ဟုတ်လား ဒါဆို ပြီးမှသွားပို့လေ ၊ ထမင်းအရင်စားရအောင်"

"ရပါတယ်ဆို သွားတာကြာမှမကြာဘဲ ၊ စားပြီးမှသွားရင် စောင့်နေရတာ ကြာသွားဦးမှာ ၊ ပြီးတော့ စားပြီးခါစ စက်ဘီးနင်းရင်မကောင်းဘူး"

ENOUGH Where stories live. Discover now