(Zawgyi)
နေရာချပြီးသည့်နောက် အပေါ်ထပ်အိပ်ခန်းထဲမှာသာ နှစ်ယောက်အတူတူနေဖို့ပြင်ရတော့သည်။လောလောဆယ်စွမ်းရည်က ဘယ်လောက်ကြာဦးမယ်မှန်းမသိ။ ပစ္စည်းတွေကိုလည်းသူ့ဗီဒိုထဲမှာနေရာပေးလိုက်တော့နောက်ကထိုင်နေသည့် ကောင်က တပြုံးပြုံး။
"ရေသွားချိုး ၊ အောက်ထပ်မှာရေချိုးခန်းရှိတယ်"
ဘေးနားက အဝတ်တစ်ထည်ကိုကောက်ပေါက်ပြီး ပြောလိုက်တော့ မျက်နှာကပြုံးနေတုန်း။ဘာတွေ အူမြူးနေတာလဲမသိ။
"ဘယ်အခန်းလဲ"
"လှေကားဘေးနားကအပေါက်လေးထဲကိုဆက်သွားလိုက်ရင် တံခါး၂ချပ်ရှိတယ် ၊ ရေချိုးခန်းနဲ့ အိမ်သာပဲ"
"Ok"
မွေ့ရာပေါ်ကဆင်းသွားသည့် စွမ်းရည်ကအိတ်ထဲဘာတွေထုတ်နေတာလဲမသိ။ ကုန်းကုန်းကွကွတွေကိုဖြစ်လို့။
စွဲမက်လည်း သေချာနေရာချပြီးမှပဲ အခန်းထဲကထွက်ကာ အနားယူသည့် အခန်းထဲကိုခဏသွားထိုင်နေလိုက်သည်။
ပြူတင်းပေါက်လေအေးအေးလေးကနေတိုးဝှေ့နေတာများ နေလို့ကောင်းတာတအား။ပန်းရနံ့လေးတွေကလည်းလှိုင်လို့။
အခုတော့ စွမ်းရည်ရောက်လာပြီ။ စွမ်းရည်ကသူအချစ်ဆုံးသူငယ်ချင်း ၊ ရေပြင်ပြီးရင်သူအချစ်ဆုံးလူတစ်ယောက်။
ဒီကိုရောက်နေသည့်အချိန်အတွင်း သူလွမ်းခဲ့ရသည့်လူတွေထဲမှာ စွမ်းရည်လည်းပါပါသည်။ဟိုးငယ်ငယ်ကလေးကတည်းက အချစ်ဆုံးသူငယ်ချင်းပဲ ။သူ မလွမ်းဘဲနေမလား။
လွမ်းပေမဲ့လည်း ထပ်တွေ့ရင် နာကျင်ရမှာကိုကြောက်သည်။ စွမ်းရည်ကိုမြင်ရင်ရေပြင့်ကိုပါသတိရပြီး သူနာကျင်ရတာတွေကို ပြန်မြင်ယောင်မိမှာဆိုးသည်။
သူထပ်မနာကျင်ချင်တော့ပါ။ဒီတိုင်းလေးသူအဆင်ပြေနေပြီ။
ရုတ်တရက် အသံကြားရတာမို့လှည့်ကြည့်လိုက်တော့ စွမ်းရည်ကအထဲဝင်လာသည်။ အခန်းလေးကို ဟိုကြည့်ဒီကြည့်လုပ်ကာ မျက်နှာကပြုံးစိစိ။
"ဝိုးး မိုက်တယ်ကွာ "
"သဘောကျတယ်လား မင်းအပင်တွေကိုသမေကျပါဘူး ငါသိတယ်"