(Zawgyi)
Kitchen ထဲ နေ့လယ်စာအတွက် ပြင်ဆင်ရင်းစွဲမက်အတွေးများနေမိသည်။မြင်ခဲ့ရသည့်၊သိခဲ့ရသည့် ကိစ္စတွေကိုပြန်သတိရမိတော့ ရင်ထဲတင်းခနဲ့။စွမ်းရည်က သူ့ကိုဘယ်တုန်းကတည်းကသဘောကျနေတာလဲ။ သူကရော ဘာလို့မရိပ်မိတာလဲ။
သူငယ်ချင်းတစ်ယောက်လိုသာခင်သော်လည်းစွမ်းရည်၏ ပေးဆပ်မှု့ သူ့ကိုနာကျင်စေသည်။ဘာလို့များ ဒီလောက်အထိပေးဆပ်ခဲ့ရတာလဲ။သူကဘာတွေများ တန်ဖိုးကြီးနေလို့လဲ။ဘာတွေများကောင်းနေလို့လဲ။
တွေးရင်းနှင့်စွဲမက် မျက်ရည်ဝဲမိပါသည်။
စွမ်းရည်အတွက် သူဘယ်လိုပြန်ပေးရမလဲတောင်သူ မသိတော့။စွမ်းရည်၏ ပေးဆပ်မှုက သူ့အသက်ကိုပင်ကယ်ထားသည့်အထိ။
သူအမြဲတမ်း တွေ့ချင်နေခဲ့သည့် အလှူရှင်ကဘေးနာမှာ တစ်ချိန်လုံးရှိနေခဲ့သည့် သူငယ်ချင်းတဲ့လား။
ဘယ်လိုနှလုံးသားနဲ့များ စွဲမက်ဘေးနာမှာနေခဲ့တာလဲ။
ရေပြင်နဲ့ သူ့ရဲ့ပုံစံကို ဘယ်လိုများ ကြည့်နေခဲ့ငလဲ။ စွမ်းရည်ကအဲ့လောက်တောင် ခံနိုင်ရည်အင်အားများနေတာလား။
အခု သူရှိနေသည့် Flam ကိုတောင်ရအောင်စုံစမ်းပြီးလာခဲ့သည့်အထိ။
အသက်ရှူမဝသလိဖြစ်ကာရင်ထဲတင်းကျပ်လာသည်မို့ ခဏလောက် အနားယူမိသည်။ မျက်ခမ်းတွေက စပ်ဖျင်းလာပြီး အော်ဟစ်ကာမေးပစ်ချင်သည်။
ရုတ်တရက် လှေကားမှဆင်းလာသည့်ခြေသံကြောင့်စွဲမက် မျက်ရည်ကိုသုတ်ကာ အလုပ်ကိုသာဆက်လုပ်နေလိုက်သည်။
အခုလောလောဆယ်တော့ သူစွမ်းရည်ကိုစကားပြောဖို့တောင်ဝန်လေးနေသည်။ စွမ်းရည်၏ ပေးဆပ်မှုတွေက သူ့အတွက် ထိုက်တန်ရဲ့လားတောင် ထင်မိလာသည်။
"စွဲမက်"
"ဟမ်!"
ခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်တော့ စွမ်းရည်မျက်နှာက တစ်မျိုးဖြစ်လို့နေ၏။
နဖူးပေါ်ဆံပင်ကောက်ကောက်လေးက ဝဲကျေိကာ မျက်နှာက တစ်ခုခုဖြစ်နေသလို။