၁၄

1.8K 208 21
                                    

(Zawgyi)
  
အိပ်ရာနိုးလို့ ဘေးနားစမ်းကြည့်တော့ နေရာကွက်လပ်ဖြစ်နေသည်။ အားတင်းကာမျက်လုံးဖွင့်ရင်း ကြည့်လိုက်တော့ ဘယ်သူမှမရှိ။

အစောကြီးထသွားပြန်ပြီ။

စောင်ကိုလှပ်ကာမွေ့ရာပေါ်ကဆင်းပြီး နာရီကြည့်တော့ မနက်၆နာရီသာရှိသေးသည်။

ဘာလို့များအစောကြီးထတာလဲမသိ။

သီတင်းကျွတ်အားလပ်ရက်မို့ ရေပြင်ခွင့်၁၀ရက်နီးပါးရထားသည်။

တစ်နှစ်လုံးတစ်ခါမှဒီလောက်အထိမရဖူးတာမို့ သူအရမ်းပျော်ရွှင်နေပြီး စွဲမက်နှင့်အတူ အချိန်ဖြုန်းဖို့တွေးထားသည်။

အခုတော့ ကောင်လေးက မနက်အစောကြီးထလို့။

အပြင်ထွက်ပြီးကြည့်လိုက်တော့ ဘုရားရှိခိုးသံသဲ့သဲ့လေးကြားရ၏။

ဟုတ်သား။ ဒီနေ့က သီတင်းကျွတ်လပြည့်ကျော်၁ရက်နေ့ပဲ။

ဘုရားခန်းအနားကိုသွားကြည့်တော့ မြင်ရသည့်မြင်ကွင်းလေးကအေးချမ်းစရာကောင်း၏။

ပုဆိုး အကွက်လေးနှင့် တီရှပ်လေးဝတ်ထားပြီး ကျက်သရေရှိပုံများ မပြုံးဘဲမနေနိုင်။

ဘုရားဆွမ်းတော်တွေလည်းကပ်လှူထားပြီး ပန်းအိုးတွေကိုလည်း နှင်းဆီပန်းတွေကြိုင်နေအောင်ကပ်လှူထား၏။

အမွှေးတိုင် ဆီမီးတွေ ၊ သစ်သီးတွေ ၊ ဆွမ်းတွေနှင့် သပ္ပါယ်စရာကောင်းတာမို့ ကြည့်နေရင်းပင် စိတ်အေးချမ်းလာရသည်။

အခန်းထဲခြေသံတိုးတိုးလေးပြန်ဝင်ပြီး မျက်နှာသစ်သွားတိုက်လိုက်၏။

ပြီးမှ သူလည်း ပုဆိုးနှင့်ရှပ်ကလေးကိုလဲပြီး စွဲမက်ပြီးတဲ့အခါ ဘုရားရှိခိုးဖို့ပြင်ဆင်လိုက်သည်။

♥️ ♥️ ♥️ ♥️ ♥️ ♥️ ♥️

အချိန်တွေကအကုန်မြန်သည်။ သီတင်းကျွတ်ပိတ်ရက်ကုန်လို့ ရုံးတွေပြန်ဖွင့်ပြီ။

ရေပြင်လည်း အလုပ်ပြန်သွားရတော့မှာကို အတော်လေးပျင်းရိနေ၏။

ပိတ်ရက်ကလေးက ရက်ရှည်တော့ အားရပါးရနားလိုက်ရင်း အကျင့်လေးကပျက်ချင်လာသည်။အလုပ်သွားဖို့ကို ကျောင်းသွာရမည့်ကလေးတစ်ယောက်လိုဖြစ်နေ၏။

ENOUGH Where stories live. Discover now