Part - 1

3.3K 298 20
                                    

[Zawgyi]

ပြင်သစ်နိုင်ငံ Lyonမြို့၏ လမ်းကြားတို့က ညအမှောင်ထဲတွင် တိတ်တိတ်ဆိတ်ဆိတ် အိပ်မော
ကျနေကြသည်…။ တဖျစ်ဖျစ်ထမြည်သွားတတ်သော
လမ်းမီးတိုင်တို့ကလွဲ ပတ်ဝန်းကျင်တစ်ခုလုံးက
လှုပ်ရှားသက်ဝင်မှု ကင်းမဲ့နေ၏…။

ကျောရိုးထိအောင် အေးစက်နေသော ရာသီဥတု
အခြေအနေက ငြိမ်ဆိတ်နေသောလမ်းကြားတို့၏
အဓိကအကြောင်းတရားလည်း ဖြစ်ကောင်းဖြစ်နိုင်
သည်…။

လမ်းကြားတစ်ခုကို ကျောပေးဆောက်ထားသော ခြံဝန်းကျယ်ကြီးတစ်ခုသည် အေးစက်နေသော
ရာသီဥတုနှင့်လိုက်ဖက်စွာ အိနြေ္ဒရနေ၏။ နှင်းမြူတို့သည် ထိုခြံကြီးထဲတွင်မှ ပိုမိုနေရာယူချင်နေ
ကြဟန်ဖြင့် တစ်ခြံလုံးအပြည့်ဖြစ်နေသည်။

သို့တိုင်… နှင်းမြူတို့ တစ်နည်းအားဖြင့် အေးစက်ခြင်း
တို့ မဝင်ရောက်နိုင်သော ပင်မအိမ်ကြီးထဲတွင်တော့
အပြင်အခင်းအကျင်းနှင့် ဆန့်ကျင်ဖက်နိုင်စွာ
လှုပ်လှုပ်ခတ်ခတ်ဖြစ်နေကြသည်…။

" ခေါ်ထားတဲ့ ဆရာဝန်က မလာသေးဘူးလား… "

အပြာရောင်မျက်ဝန်းတောက်တောက်နှင့် လူကြီးက
အခန်းတစ်ခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်
နေသည်။ ချွေးတို့ဝေ့ချင်နေသော နားသယ်စပ်တို့က
အခန်းထဲမှ ညည်းညူသံတစ်ချက်ထွက်လာတိုင်း
စပ်ခနဲစပ်ခနဲ တုန်ခိုက်သွားသည့်နှယ်…။

" ရာသီဥတုအခြေအနေကြောင့်
နည်းနည်းနောက်ကျဦးမယ်တဲ့ sir… "

" ဒီထက်ပိုနောက်ကျဦးမှာလား! "

ဟိန်းခနဲထွက်လာသော ဒေါသသံက ခန်းမကျယ်
တစ်လျှောက် လျှောတိုက်ပျံ့နှံ့သွားသည်။
ထိုပြင်သစ်အမျိုးသားကြီးက ကြံရာမရဖြစ်နေဟန်
အပြည့်ဖြင့် ပြတင်းတံခါးမှတဆင့် မြင်နေရသော
အပြင်ညသိပ်သည်းမှုကို လှမ်းကြည့်လိုက်မိ၏…။

အခုအချိန်မှတော့ မိန်းမဖြစ်သူကို သွားပြီး အပြစ်
မတင်ချင်တော့။ စောစီးသောအချိန်ကတည်းက ဆေးရုံ
တွင် သွားတက်ရောက်ထားလျှင် အချိန်မတော်
ဗိုက်နာလာခြင်းအတွက် ဗျာများနေစရာလိုလောက်မည်
မဟုတ်…။

143 -N- 637Where stories live. Discover now