Part - 20

655 127 63
                                    

[Zawgyi]

ထူးထူးခြားခြား ဒီနေ့မှ Baekhyunက အပြင်ထွက်
ရန်ပြင်နေသည်။ ပုံမှန်ဆို စံအိမ်တော်အတွင်းထဲမှာပဲ
နေရင်း ကျောင်းကိစ္စ… အလုပ်ကိစ္စတွေ စီစဉ်တတ်သူ
က ကောက်ခါငင်ခါကြီး အပြင်ထွက်မည်ပြုနေသည်။

အပြင်ထွက်ရသော အကြောင်းရင်းကလည်း ရိုးရှင်း
သည်။ ကော်ဖီစေ့ဝယ် ထွက်ရန်…။

ကြိုက်နှစ်သက်သော တံဆိပ်တစ်ခုနာမည်ကို သုံးလေး
ခေါက်လောက်ရွတ်ကြည့်ပြီးမှ Baekhyun ကားထဲ
ဝင်သည်။ ရှေ့ခန်းထဲတွင် မောင်းသူနှင့် Chanyeol
ရှိ၏…။ စံအိမ်တွင်ပဲ ကျန်နေခဲ့မည့် Chanyeol
အကြံအစည်မှာ Baekhyun အဖေ၏ လိုက်သွား
ခိုင်းမှုအောက်တွင် လုံးဝပျက်သုဉ်းသွားခဲ့ရသည်။

Baekhyunကတော့ လိုက်ဟုလည်းမပြော…
မလိုက်နဲ့ဟုလည်းမပြော…။
လွန်ခဲ့သောရက် Chanyeolရှေ့ အကြီးအကျယ်
ငိုပြီးကတည်းက Baekhyun နှင့် Chanyeol
၏ စကားပြောဆိုမှုက ပြတ်တောင်းသွားခဲ့တာပဲ။

Baekhyun ဘက်ကလည်း စကားနာမထိုးတော့။
Chanyeol ဘက်မှလည်း အကြံပေးစကားတွေ
ထပ်ထွက်မလာတော့…။

ထိုသည်ကပင် နှစ်ယောက်ကြားက ဆက်ဆံရေးကို
ပိုကြောက်စရာကောင်းအောင် ဖန်တီးပေးနေသည်ဟု
နောက်လိုက်တစ်ချို့က တီးတိုးပြောဆိုနေကြသည်။

အခုလည်း Baekhyun… ကားမှန်အပြင်ဘက်ကို
ငေးမောရင်းလိုက်လာသည်။ Chanyeolက နောက်
ကြည့်မှန်မှတဆင့် Baekhyunကို လှမ်းလှမ်း
အကဲခတ်နေသည်မှလွဲ၍ ထူးထူးခြားခြားပြောမလာ။

နောက်ဆုံး ရည်ရွယ်ရာနေရာနားသို့ ကားလေးရောက်
လာခဲ့သည်။

" ကားကို ဒီနားမှာပဲရပ်ခဲ့လိုက်…
ကျွန်တော်တို့ဆင်းရှာလိုက်မယ် "

ကားမောင်းသမားအား လမ်းထောင့်တစ်နေရာတွင်
ရပ်ခိုင်းထားစေရင်း Baekhyun လမ်းဆင်း
လျှောက်သည်။ Baekhyun အနောက်တွင်က
ငြိမ်ဆိတ်စွာလိုက်ပါနေသော သက်တော်စောင့်တစ်
ယောက်နှင့် သူ့နောက်တွင်မှ Chanyeol…။

လမ်းကျဉ်းလမ်းသွယ်လေးတွေ ပေါများနေသော
ပတ်ဝန်းကျင်သည် Baekhyun ရှာဖွေနေသော
ဆိုင်အား လုံလောက်စွာဖွက်ထားပေးခဲ့သည်…။

143 -N- 637Where stories live. Discover now