Part - 10

693 149 38
                                    

[Zawgyi]

" ဒါဆို ငါ Chanyeolကို အကြီးကြီးဒုက္ခပေးမိ
ခဲ့တာပဲ… "

ဆိုဖာထက်တွင် ငူငိုင်ငိုင်ဖြစ်နေသော Baekhyun
အတွက် လွန်ခဲ့သောလေးညခန့်ကအဖြစ်အပျက်များကို
ရုတ်ခြည်းသတိရသွားသည်က သိပ်ဆိုးသည်ဟု
ပြောရမည်လား…။ သတိရမိသွားသည်က Chanyeol၏အရှေ့တွင် ဖြစ်နေမိသည့်အတွက်…။

Chanyeol၏အကြည့်တို့သည် Baekhyun၏
စိုထိုင်းထိုင်းဖြစ်နေသောဆံပင်သားတို့အပေါ်တွင်
ရောက်နေသည်။ တဘတ်နှင့်သုတ်ထားသည်ဆိုသော်
ငြား… သုတ်ထားသည်ဟုမထင်ရလောက်အောင်
စိုစွတ်နေဆဲဖြစ်၏…။

" Baekhyun… မင်း ဆံပင်… "

" ဒါဆို သေချာပြန်စဉ်းစားကြည့်မှ မင်းဟိုးတစ်နေ့ညနေက လွယ်ထားတဲ့ ကျောပိုးအိတ်က ငါ့အိမ်ကနေပြန်သယ်သွားတဲ့အိတ်ပဲနော့…
ငါ့နှယ် ငါ့လက်နဲ့ကိုယ်တိုင်ဆွဲလိုက်ပြီးမှ
မမှတ်မိရဘူးလို့… ဦးနှောက်ကတော့… "

တပြိုင်နက်တည်းထွက်လာသော စကားနှစ်ခွန်းတွင်
Baekhyun၏အသံက ပိုအားသာသွားသည်။
တိုးဖျော့သွားပြီးသည့်နောက် လုံးဝပျောက်သွားပါသော
Chanyeol၏စကား…။

Chanyeol လုံးဝအာရုံရောက်နေပါသော ဆံပင်
သားများထံ လက်နှစ်ဖက်ကို ထိုးသွင်းလိုက်ရင်း
Baekhyun စိတ်ညစ်ညူးနေသည်။
အသိစိတ်လွတ်ပြီး သောင်းကျန်းခဲ့သည်ကိုပဲ စိတ်ညစ်
ရမည်လား…
ထိုသောင်းကျန်းမှုကို မမှတ်မိသည်ကိုပဲ မျက်နှာပူရ
မည်လား…
ကာယကံရှင်ကိုယ်တိုင်ပြောပြမှ မျက်နှာပျက်စရာကိစ္စ
တို့ဖြစ်ခဲ့သည်ကို အမှတ်ရခဲ့သည်ကိုပဲ ရှက်ရွံ့ရမည်
လားဆိုတာ သေချာမပိုင်းခြားနိုင်တော့…။

" ငါ နောက်ခါ အရက်ကိုယောင်လို့တောင်
ခိုးမသောက်တော့ပါဘူး… "

ဆရာရှေ့ခံဝန်ကတိထိုးနေသောကျောင်းသားတစ်
ယောက်လို Baekhyun၏မျက်နှာအမူအရာက
တိကျနေ၏…။
မမှိတ်မသုန်စိုက်ကြည့်နေသော Chanyeol အကြည့်များကို တန်ပြန်စိုက်ကြည့်လိုက်ရင်း ခေါင်းပင်
တစ်ချက်ငြိမ့်ပြလိုက်သေးသည်…။

" ထားလိုက်တော့ Baekhyun…
နောက်ခါ မင်း အရက်သောက်မိလည်း
ငါ့ကိုမခေါ်မိဖို့ပဲ အရေးကြီးတယ်… "

143 -N- 637Where stories live. Discover now