Part - 19

684 146 44
                                    

[Zawgyi]

အလုပ်ခေါင်းဆောင်ဟူသောသတ်မှတ်ချက်နဲ့ ဆုံစည်း
ခဲ့ဖူးပါသော ထိုအပြာရောင်မျက်ဝန်းတွေ…။
မျက်နှာချင်းဆိုင်ရာတွင်ရှိရင်း Baekhyun သက်
ပြင်းမောကို ကြိတ်ချလိုက်မိသည်။

ထိုသူက မိမိဘဝကို စေလိုရာစေခဲ့သည်တဲ့…။

" စောင့်နေရတာ အရမ်းကြာသွားတယ်မလား…
pardon…ဟိုဘက်ကအလုပ်ကလည်း
ဘယ်လိုမှဖြတ်မရနေလို့ "

Baekhyun ခေါင်းငုံ့ချထားရင်း ပြုံးလိုက်မိသည်။
ပညာပြချင်၍ တမင်နောက်ကျလာပြီးမှ…။

ခေါင်းပြန်အမော့တွင် Baekhyun စိတ်လိုလက်ရ
ပင် မေးလိုက်မိပါသည်။

" ဘာလို့အဲ့လိုလုပ်သလဲ "

Thomas မျက်မှောင်ကြုတ်သွား၏။
ကြည့်ရတာ မည်သည်ကိုဆိုလိုမှန်း သိပုံမပေါ်…။
ထိုလောက်တောင် Baekhyunအပေါ် စိတ်တိုင်း
ကျ စီမံလာခဲ့သည်ပဲ…။

" အတိတ်တွေကိုမပြောတော့ပါဘူး…
အခု စပျစ်ဝိုင်လမ်းကြောင်းကို ဘာလို့ ဖြတ်ယူသွားတာ
လဲပဲ ကျွန်တော်သိချင်တာပါ။
စီးပွားရေးနယ်ပယ်စည်းကမ်းတွေကို Sir Thomas
လည်း နားလည်နေမယ်ထင်တယ် "

" သွေးသားတော်စပ်တာက ဦးလေးမို့
ဦးလေးလို့ ခေါ်လည်းဖြစ်ပါတယ် Baekhyun
လေးရဲ့… "

Baekhyun ဟက်ဟက်ပက်ပက်ပင် ထရယ်လိုက်
မိလေသည်။ အလုပ်အကျွေးပြုဟူသောသတ်မှတ်ချက်
ထဲကို ပို့ပစ်ခါကပို့ပစ်ပြီး ချိုးနှိမ်စွာအဆက်ဆံခံရချိန်က ဦးလေးဆိုသော ပတ်သက်မှုသည် ထိတွေ့ရန်ပင်
မတတ်စွမ်းနိုင်ခဲ့သည်ကို…။
ယခုမှ လူကြားကောင်းအောင် သုံးပြနေသည်က…။

" အခုကိစ္စသာရှင်းပြပေးပါလား
Sir… Thomas… "

နောက်လိုက်တစ်ချို့လည်းရှိနေသည့်အတွက် Thomasမျက်နှာက ကွက်ခနဲပင် ပျက်ချသွားသည်။

ပြင်သစ်တော်ဝင်မျိုးဆက်သွေးပါသူပီပီ ဒီကောင်ငယ်
လေးသည်လည်း အနည်းငယ်လေးမျှပင် လျှော့တွက်၍
မရသလို အတင်စီးလည်းမခံခဲ့…။

ထို့အတွက် Thomasဘက်မှ အခြေအနေကိုထိန်း
သလို တဟင်းဟင်းနှင့်ရယ်လာသည်။

143 -N- 637Onde histórias criam vida. Descubra agora