Part - 21

722 164 40
                                    

[Zawgyi]

" Park Chanyeolက အသက်12နှစ်ကတည်း
က Dacianaစဖြစ်ခဲ့တာ "

" 12နှစ်? "

အတည်ပြုလိုစွာခုန်ဆင်းကျလာသော Baekhyun
အသံတွင် နာကျင်ခြင်းတွေကိန်းအောင်းချင်သယောင်
ခံစားလိုက်ရသည်။
Dacianaတစ်ယောက်ရဲ့ဘဝဆိုတာ ဘယ်လို
ဖြစ်တည်လာပြီး ဘယ်လိုရပ်တည်လာရသလဲဆိုတာ
Baekhyunလည်း သိနေသည်မို့ ရုတ်တရက်ကြီး
Baekhyun အသက်ရှူကြပ်ချင်သွားသည်။
ဒီခက်ခဲကြမ်းတမ်းမှုတွေကို ဒီလောက်အသက်ငယ် ငယ်လေးနှင့်… … …။

" Chanyeolက အရင်ကတည်းက အနေတည်
တယ်။ အခုလောက်ထိ သူစိမ်းတွေနဲ့ဆက်ဆံရတာကို
မကြောက်သေးပေမယ့် အင်း… သူ့နည်းသူ့ဟန်နဲ့
တော့ တသီးတသန့်လေးနေခဲ့တာ "

အသက်12နှစ်အရွယ် Park Chanyeol၏ပုံစံ
လေးကို Baekhyun မြင်ယောင်မိတော့ ခပ်ဖွဖွပင်
ပြုံးလိုက်မိသည်။

" အဲ့လိုအကျင့်ရှိလို့လည်းနေမယ်…
Noirရဲ့သခင်ကြီးက Chanyeolကို Daciana
ဖြစ်စေချင်ခဲ့တယ် "

" ငြင်းခဲ့တယ်မလား"

ပြောပြနေသောသူက တဟက်ဟက်ဖြင့်ရယ်လာ၏။
ထို့နောက် ခေါင်းကိုညိတ်လိုက်ရင်း…

" သေချာပေါက်ကိုငြင်းခဲ့တာပေါ့…
ငြင်းတာမှ ယတိပြတ်ကိုပဲ…။
နဂိုတည်းက Chanyeolက သူဋ္ဌေးတွေနဲ့
ပတ်သက်ရမှာကို မနှစ်သက်တဲ့သူဆိုတော့ ပိုဆိုးတယ်။
ဒါပေမယ့် သခင်ကြီးက လက်မလျှော့ခဲ့ဘူး။
အလဲအလှယ်သဘော Give and Takeတွေ
လုပ်လာတယ်…။
သခင်ကြီးအပြောတော့ Give and Take…
တကယ်က အကြပ်ကိုင်လိုက်တာပါပဲ "

Chanyeol… သူ့ကို အကြီးအကျယ်စိတ်ဆိုးဖူး
သော ညတစ်ညကို Baekhyun သတိရသွားသည်။
အလဲအလှယ်သဘောဆန်ဆန် Baekhyunပြော
လိုက်မိသည့်အတွက် Chanyeol နာကြည်းစွာ
Baekhyunကို အလွန်ဒေါသထွက်ဖူးခဲ့သောည။

" မိဘတွေနဲ့ အလဲအလှယ်တဲ့… "

Baekhyun လက်သီးဆုပ်လေး တင်းခနဲဖြစ်သွား
၏…။ 12နှစ်အရွယ် ကလေးလေးတစ်ယောက်ကို
အကြပ်ကိုင်အလဲအလှယ်လုပ်ခဲ့သည်က မိဘတွေနှင့်
ဖြစ်နေခဲ့သည်လား…။

" မိဘတွေကို ပြန်ပေးဆွဲထားပြီး ခြောက်မိနစ်အတွင်း
တွေ့အောင်ရှာခိုင်းတယ်…။
သူတို့ကကျ ပါတီအကြီးကြီးတစ်ခုခုကိုလုပ်နေတာပေါ့။
လူတွေနဲ့ မရောနှောတတ်တဲ့ Chanyeolက
6မိနစ်အတွင်း သူစိမ်းတွေကြားထဲမှာ မိဘနှစ်ပါးကို
တွေ့အောင်ရှာရတယ်…။
အလဲအလှယ်က ရှာတွေ့ခဲ့ရင် မိဘတွေကိုခေါ်ပြီး
အိမ်ပြန်…
ရှာမတွေ့ခဲ့ရင်တော့ Chanyeolက Daciana
ဖြစ်ပေးရမယ်တဲ့…။
ဘယ်လိုလုပ် ရဲတိုင်လို့ရမလဲ…
Baekhyunသိတဲ့အတိုင်းပဲလေ Noirသခင်ကြီး
တို့က တော်ဝင်မျိုးနွယ်ဝင်တွေဆိုတော့…။
ဒီတော့ Chanyeolက သူတစ်ယောက်တည်း
ပါတီအတွင်းရှာဖို့လုပ်ခဲ့တယ် "

143 -N- 637Where stories live. Discover now