Part - 9

710 142 65
                                    

[Zawgyi]

အခြေအနေတွေသွေဖည်ပြောင်းစွာ Baekhyun၏
အနောက်မှနေ Chanyeol တိတ်တိတ်ဆိတ်ဆိတ်
လိုက်နေမိသည်...။
ငုံ့ထားသောမျက်နှာက ခြေထောက်တစ်ချက်ယိုင်ခနဲ
ဖြစ်သွားသည့်တိုင် မော့မလာ...။

Chanyeol တစိုက်မတ်မတ်ကြည့်နေမိသည်မှာ
မျက်စိရှေ့တည့်တည့်မှ ဖြူနုနေသော လက်ချောင်း
လေးများကိုပင်... ပိုတိတိတိကျကျညွှန်းဆိုရလျှင်တော့
သူ့လက်ကို ဆွဲကိုင်ထားသော Baekhyun၏
လက်ချောင်းကလေးများ...။

တန်ဖိုးထားရသောအရာတစ်ခုကို မလွှတ်တမ်းဆုပ်
ကိုင်ထားသကဲ့သို့... ထိုလက်ချောင်းလေးများက
သူ့လက်ကို မြဲမြဲမြံမြံဆုပ်ကိုင်ထားသည်။
ထို့ကြောင့်လည်း အရှေ့ကိုမော့မကြည့်ပါဘဲ... ... ...
ခလုတ်တိုက်၍ ယိုင်ခနဲဖြစ်သွားသည့်တိုင်...
Chanyeol မျက်နှာတစ်ချက်မော့မလာခြင်းဖြစ်၏။

ထိုလက်ချောင်းလေးများကို ယုံကြည်အားကိုး၍...။

ခြေလှမ်းတို့ အတော်များများ လှမ်းပြီးသည့်နောက်တွင်
Chanyeol... မြေပြင်အနေအထားကို ကျင့်သားရ
လာသည်။ သူတို့ရပ်ကွက်ပိုင်းထဲသို့ ရောက်လာခဲ့ပြီပဲ။

စဉ်ဆက်မပြတ်ရှေ့ဆက်နေသော Baekhyun၏
ခြေထောက်လေးများလည်း ရပ်ကျသွားသည်...။

" Chanyeol... "

အသိပေးသလိုခေါ်လာသံက နားထဲ သိမ်မွေ့စွာ တိုးဝင် လာခဲ့၏...။
ထိုအခါမှ တောက်လျှောက်ငုံ့ကျထားသော သူ့မျက်နှာ
က အလိုလိုမော့လာခဲ့သည်။

" အဆင်မပြေဘူးမလား... "

ပုံမှန်မေးလေ့မေးထရှိသော "အဆင်ပြေရဲ့လား" မေးခွန်းမဟုတ်ပါပဲ တိုက်ရိုက်ဆန်စွာမေးလာသော
မေးခွန်းက Chanyeol ရင်ထဲကို မြှားတစ်စင်းလို
ဝင်ချလာခဲ့သည်။
သို့သော်... ထူးဆန်းစွာ Chanyeol စိတ်တို့
တင်းကြပ်နေတာလျော့ကျသွား၏...။
Baekhyunသည် Chanyeol၏လတ်တလော
စိတ်ခံစားချက်ကို ကြေညက်စွာသိနေခဲ့သည်ပဲ...။

" ငါ... တကယ်ကို... အဆင်မပြေနေဘူးပဲ... "

ပြတ်တောင်းတောင်းစကားလုံးများသည်
Chanyeol နှုတ်ခမ်းထက်မှ အစီအစဉ်ကျစွာ
ခုန်ဆင်းကျဖို့ အတော်ကြိုးစားနေရသည့်ပုံဖြစ်နေသည်။

143 -N- 637Where stories live. Discover now