[Zawgyi]
" သူ့ကိုသေချာမှာလိုက်တယ်
ဒဏ်ရာနားကို အလှုပ်အရွေ့သိပ်မလုပ်ခဲ့ဖို့ "ဆရာဝန်က သူ့အမှားမရှိကြောင်း သွယ်ဝိုက်ပြောလို
ဟန်ဖြင့် ဖြေရှင်းချက်ကို ခပ်ဆိုင်းဆိုင်းပြောလာသည်။
အနည်းငယ်ပင် သွေးစို့နေပြီဖြစ်သော ခွဲစိတ်ဒဏ်ရာ
သည် ဆရာဝန်ကိုသာမက Baekhyunကိုပါ
ကောင်းကောင်းကြီးမျက်နှာပျက်စေခဲ့သည်…။" ကိစ္စမရှိပါဘူး Baekhyunee…
အဆင်ပြေသွားမှာပါ "ဆရာဝန်၏ကုသမှုကိုခံယူနေသော Chanyeol
အဖို့က ဒဏ်ရာကိုအာရုံရောက်ရမည့်အစား အနားမှ
Baekhyunကိုသာ အာရုံရောက်နေမိသည်။ငိုချတော့မတတ်ပင်ဖြစ်နေသော Baekhyunသည်
Chanyeol ၏ ဒဏ်ရာပြန်ဖြစ်လာခြင်းအကြောင်း
တရားကို သေချာစွာရှာဖွေမိဟန်တူပါ၏…။
Baekhyun… Chanyeol လက်ကို ဘယ်
လောက်တောင် ခုန်ပေါက်လွှဲခဲ့လိုက်မိသလဲ…။" ဆရာ… ပိုးတွေဘာတွေဝင်နိုင်သလား "
" အဲ့လိုတော့မဖြစ်ပါဘူး
ပြန်ပြန်ရောက်ရောက်ခြင်း ကျွန်တော်တို့သေချာပြန်
ဆေးထည့်လိုက်တာဆိုတော့ အဲ့လိုကတော့ စိုးရိမ်စရာ
မရှိပါဘူး "" ဒါဆို… အကြောတွေဘာတွေလိုက်ပြီး
ဒဏ်ရာယောင်လာတာမျိုးတွေရော "" ဒဏ်ရာယောင်တာမျိုးလည်းမရှိပါဘူး သခင်လေး "
" နောင်တစ်ချိန် ရာသီဥတုအေးရင် ကိုက်ခဲလာတာမျိုး
တွေရောဖြစ်နိုင်လား
ဒီက အအေးဓာတ်ကို ဒဏ်ရာက ခံနိုင်ရည်မရှိမှာ
ကျွန်တော်စိုးတော့ အဲ့လိုမျိုးတွေ… … … "" Baekhyunee တော်တော့…
ဆရာတို့ သွားလို့ရပြီနော်…
ကျေးဇူးတင်ပါတယ် "စိတ်ကူးထဲပေါ်လာသော တွေးမိသမျှစိုးရိမ်ခြင်းတို့ကို
အပြင်သို့ခေါ်ဆောင်ထုတ်မေးနေသော
Baekhyunကို Chanyeol ဖြတ်တားဆီးလိုက်
ရသည်။ မဟုတ်ပါက… ဆရာဝန်ခမျာ မေးသမျှအမေး
တို့အတွက် စိတ်ကျေနပ်စရာအဖြေရှိနေနိုင်ပါ့မလားဆို
တာ Chanyeol သံသယဝင်ချင်လာသောကြောင့်
ဖြစ်၏…။လက်ကလေးတစ်ဖက်ကို လှမ်းဆွဲလိုက်ကာ
Chanyeolက Baekhyunကို အနားသို့
ဆွဲခေါ်သည်။ ဆရာဝန်နှင့်လက်ထောက်အကူက
အခန်းထဲမှ အလိုက်သင့်ထွက်သွားကြသည်။
တကယ်တော့… သူတို့တစ်တွေ အခန်းထဲမှထွက်ချင်
နေကြသည်မှာ အနည်းငယ်တော့ကြာပြီဟုထင်ပါ၏။
![](https://img.wattpad.com/cover/285993817-288-k299392.jpg)
YOU ARE READING
143 -N- 637
Fanfictionဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်တွေရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က... ဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်ကိုယ်စီ ရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က...