Part - 4

827 173 21
                                    

[Zawgyi]

" နောက်ဆုံးတော့…
Chanyeol… မင်း ငါ့နာမည်ကိုခေါ်လာပြီပဲ… "

နာမည်အခေါ်ခံရခြင်းကို Baekhyunက ထီပေါက်
သလို ပျော်ရွှင်ပြသည်။
Chanyeol… ခဏတာ မင်သက်နေမိပြီး
ကပျာကယာအကြည့်လွှဲလိုက်ရ၏…။ မဟုတ်လျှင်
Baekhyun မျက်ဝန်းတို့မှ အပျော်ဓာတ်တို့က
သူ့ထံ ကူးလွန့်လာတော့မည့်အလား ခံစားလာရသည်။

လူတစ်ယောက်က ဘေးဝန်းကျင်အထိ ပျံ့နှံ့ကူးစက်
အောင် ပျော်ရွှင်ပြနိုင်သည်လား…။

အံ့အားသင့်ခြင်းတစ်ဝက်…
စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတစ်ဝက်ဖြင့် Chanyeol
ကိုယ့်လမ်းကိုယ်သာ ဆက်လျှောက်လာလိုက်သည်။
Baekhyunကို တားဆီးရန် လက်လျှော့လိုက်ဟန်
ဖြင့် Baekhyunစကားများကို လျစ်လျူရှုလိုက်မိ၏။

Baekhyunက ခုန်ဆွခုန်ဆွဖြင့် Chanyeol
နံဘေးမှ တောက်လျှောက်လိုက်နေသည်…။

" Chanyeol…
ငါ ဆယ့်ငါးနှစ်ပြည့်ပြီးပြီ…
Chanyeolကရော… "

မဖြေမည်ကိုမျှော်လင့်ထားမိသည့်တိုင် Baekhyun
နှုတ်ခမ်းကိုတော့ မဲ့လိုက်မိသေးသည်။

Baekhyun စကားများများပြောမိသည့်အခါ…
Chanyeol… ပခုံးတစ်ဖက် ကျုံ့ကျုံ့သွား၏…။
များပြားသောစကားလုံးတို့အား Chanyeolလက်မခံ
နိုင်သေးသည်ကို ရိပ်မိသောအခါ Baekhyun
တစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်လေးဖြစ်သွား
သည်…။

စတိုးဆိုင်သေးသေးလေးထဲ Chanyeolဝင်သွား
သည့်အချိန်အထိ Baekhyun ငြိမ်ဆိတ်နေမိဆဲ
ဖြစ်၏။

ဈေးဝယ်ကိုလှမ်းကြည့်လာသော ဆိုင်ရှင်မိန်းမကြီး၏
အကြည့်တို့က Chanyeol နှင့် တစ်စုံတစ်ယောက်
ကို တွဲတွေ့ရခြင်းအပေါ် ကျင့်သားမရစွာ ပြူးကျယ်ကုန်
သည်။ စောနက ယပ်တောင်ကြီးခပ်၍ ငိုက်မြည်းနေ
သည်မှာ သူ မဟုတ်သည့်အတိုင်း…။

Chanyeol နှင့်တစ်စုံတစ်ယောက်ကို အတူတွဲတွေ့
ရခြင်း…အထူးသဖြင့် ပြောင်းလာသော ဥရောပသွေး နှောလေးနှင့်အတူ တွဲတွေ့ရခြင်းက သူ့အတွက်တော့
အံ့သြစဖွယ်ဖြစ်ရပ်ပင်ဖြစ်သည်။

Baekhyunက Chanyeol နံဘေးတိတ်တိတ်
ဆိတ်ဆိတ်လိုက်နေရာမှ ဆိုင်ရှင်အန်တီကြီးကို
ဟီးခနဲရယ်ပြလိုက်၏…။ ထိုအချိန်မှ အန်တီကြီးက
ပြန်ပြုံးရယ်ရန် သတိရဟန်ဖြင့် ကြောင်အစွာ ကိုင်ထား
မိသောယပ်တောင်ကြီးကို တဗြန်းဗြန်းဖြင့်ပြန်ခပ်သည်။

143 -N- 637Where stories live. Discover now