Part - 22

725 145 35
                                    

[Zawgyi]

" မင်းက ဒီလိုသွားလာနေလို့ဖြစ်လို့လား "

တိတ်ဆိတ်နေသောအခင်းအကျင်းလေးထဲ
Baekhyun အသံက သဲ့ကျလာသည်။
Chanyeolကို ကျောင်းမှအတူပြန်ခေါ်လာပြီး
ယခုကန်ဘောင်နေရာလေးသို့ရောက်နေသည့်အတော
အတွင်း Baekhyun စပြောလိုက်နိုင်သောစကား
ဖြစ်၏…။

" အင်း… အံ့သြစရာကောင်းအောင်ပဲ
ငါ့ထူထောင်ရေးက အရမ်းမြန်နေတယ်တဲ့။
စိတ်ဆောင်တယ်ဆိုပြီးတော့တော့ ဆရာဝန်က
မှတ်ချက်ချပေးလိုက်တာပဲ "

" အာ…ဆရာဝန်ဆိုမှ အဲ့ဆရာဝန်က မင်းသတိမရ
သေးဘူးဆိုပြီး ငါ့ကိုညာတယ် "

ရေမျက်နှာပြင်ကိုငေးစိုက်ကြည့်နေရင်း Baekhyun
မျက်ဝန်းများ Chanyeolထံ ရွေ့လာသည်။
Baekhyun… Chanyeolအကြည့်များနှင့်
မဆုံရန် တမင်အကြည့်လွှဲနေသည်ဟုလည်းပြောနိုင်
၏…။

အကြည့်ချင်းဆုံသွားမိသောအခါ လွန်ခဲ့သောအချိန်
ကတည်းက မိမိကိုသာငေးကြည့်နေသော
Chanyeolက ပြုံးပြလာခဲ့သည်။
ထို့နောက်… … …

" အခုမှပဲ အကြည့်လေးရတော့တယ် Baekhyun
မင်းဆီက အကြည့်လေးရဖို့ကလည်း ခက်လိုက်တာ "

နူးညံ့စွာဆိုလာသော စကားတို့ကြောင့် Baekhyun
မွေးနေ့ပွဲမှ Chanyeolစကားတစ်ခွန်းကို ပြန်အမှတ်ရသွားသည်။

*ချစ်တယ် Baekhyun*

Baekhyun အသက်အောင့်မိမယောင်ဖြစ်သွား
၏။ Chanyeolသည် မိမိအား ဖွင့်ပြောထားသည်
ဆိုတာ မေ့လျော့နေခဲ့မိသည်ပဲ…။

ရုတ်တရက်ကြီး ရင်ခုန်သံတို့မြန်လာကာ ပါးပြင်နှစ်ဖက်
က ပူနွေးလာသည်။ ဒါ… ရုပ်ရှင်၊ ဝတ္ထုတွေထဲကလို
ရှက်တဲ့လက္ခဏာတွေများလား…။
ဒီလိုသာဆို ထိုထဲတွေကအတိုင်း Baekhyunပါး
ပြင်တို့တော့ ပန်းရောင်တို့သိသာစွာပြေးနေတော့မည်
ထင်ပါသည်။

Baekhyunက ချက်ချင်းဆိုသလို အကြည့်လွှဲသွား
ပြန်သည်။ အရေးကြီးသည်မှာ Chanyeol…
မိမိပါးပြင်ကိုမမြင်ရန်သာဖြစ်၏…။

" ဆရာဝန်အကြောင်းပြောနေတာကို
ဘာလို့ မဆိုင်တာတွေစကားလမ်းကြောင်းပြောနေ
တာလဲ "

စကားတို့အထစ်ထစ်မဖြစ်စေရန် ကြိုးစားလိုက်ရသည်။

Chanyeolထံမှ ခပ်သြသြရယ်သံတစ်ခုထွက်လာ
သည်။ ဘာကြောင့်ရယ်နေသလဲဟု မေးလိုက်ချင်သော်
ငြား အကြည့်ချင်းထပ်ဆုံမည်ကို စိုးထိတ်သည့်အတွက်
ရှေ့တည့်တည့် ရေမျက်နှာပြင်ကိုသာ အကြည့်မလွှဲ
စတမ်းထားလိုက်သည်။

143 -N- 637Where stories live. Discover now