Part - 13

667 151 130
                                    

[Zawgyi]

Chanyeolအပေါ် Baekhyun၏ တစ်ခုပြီး
တစ်ခုပူဆာမှုက နောက်7ရက်တိတိ…တစ်ပတ်ပြည့်
ပြီးချိန်တွင် ထပ်မံဖြစ်ပေါ်လာပြန်သည်။

" Chan~Yeol~ရေ! "

စာအုပ်ထိုင်ဖတ်နေရင်းမှ Chanyeol မျက်ခုံးအစုံ
တွန့်ခနဲတစ်ချက်ဖြစ်သွား၏။
မနက်မိုးလင်းကတည်းက Baekhyun ငြိမ်ချက်
သားကောင်းနေသည့်အတွက် Chanyeol အနည်း
နှင့်အများတော့ သံသယဝင်နေမိသေးသည်က
အခုတော့ အော်ခေါ်သံနှင့်အတူ Baekhyun
ရောက်ချလာခဲ့ပြီ…။
Chanyeol၏ သံသယဝင်ခြင်းသည် မှားတော့မမှား
ယွင်းသွား…။

" Park Chan…Chan…Chan…Chan
Yeol… "

" tsk… နာမည်ကို… "

ခြံဝင်းတံခါးမပိတ်ထားသည့်တိုင် ခြံဝင်းထဲဝင်မလာ
သော Baekhyunသည် အပြင်တွင်ပင်နေကာ
Chanyeolကို အော်ခေါ်နေပုံထောက်…သူ့အား
အိမ်အပြင်ထွက်လာရန် ရည်ရွယ်ဟန်တူသည်။

နှုတ်ခမ်းကို ခပ်တင်းတင်းစေ့လိုက်ရင်းမှ
Chanyeol စာနောက်တစ်ကြောင်းကို ဆက်ဖတ်
လိုက်၏…။

" Chan…Chan…Chan…Chan…
Yeolရေ!
Park…Chan…Chan…Chan…Chan…
Yeolရေ! "

Chanyeol စာအုပ်ကိုခွာကာ မျက်စိကို ခဏမှိတ်
ထားလိုက်မိသည်။ ဒီကောင်လေး၏အသံကျယ်ကို
မကြားချင်ယောင်ဆောင်နေရသည်က Chanyeol
အတွက်တော့ စာတစ်ကြောင်းလုံးကိုမပြောနှင့်…
စာလေးငါးခြောက်လုံးဖတ်နိုင်ရန်ပင် အတော်ကြိုးစား
နေရ၏…။

လွှင့်ပျံ့သွားသော စိတ်အာရုံတို့က အပြင်မှ Baekhyun၏ အော်ခေါ်သံအောက် အပြေးအလွှား
သွားသွားကပ်နေကြသဖြင့် ပုံမှန်ထက်သုံးလေးဆပို
အားစိုက်နေရသည်။

" Yeollieရေ! "

" ငါ! "

စာအုပ်ကို လက်ညှိုးခံကာညှပ်ပိတ်လိုက်ရင်း
Chanyeol အိမ်အပြင်ဘက်သို့ ထွက်လာခဲ့လိုက်
ရတော့၏။
အိမ်တံခါးကိုဖွင့်ဖွင့်ခြင်း မြင်လိုက်ရသည်က စက်ဘီး
တစ်စီးကိုလက်ကိုင်မှကိုင်ကာ ရယ်ကျဲကျဲဖြင့်ရပ်ကြည့်
နေသော Baekhyunကိုပင်…။

" ခေါ်လိုက်ရတာကွာ… "

" ကျေးဇူးပြုပြီး ပေါက်ကရတွေမခေါ်စမ်းနဲ့… "

" ပေါက်ကရက ဘာလဲ…
Chanကို ခဏခဏထပ်ခေါ်တာလား…
ဒါမှမဟုတ်…
Yeollie ဆိုတာကလား… "

143 -N- 637Where stories live. Discover now