Part - 11

713 149 37
                                    

[Zawgyi]

" ဖုန်းက ဘယ်မှာလဲ… "

လှေပေါ်သို့ရောက်အပြီး ခဏကြာမှာပင် Chanyeolထံမှထွက်လာသော စကားဖြစ်သည်။
Baekhyunကို လာခေါ်ပြီး လှေဆိပ်သို့လာသည့်
လမ်းတစ်လျှောက်လုံး Chanyeolမျက်နှာက
ပိုမိုအေးစက်နေ၏…။
ထိုမျက်နှာကြောင့်လည်း Baekhyun စကားပြော
ချင်သည်ကိုပင် ငြိမ်နေရသည်…။

လေတိုက်၍ ဖရိုဖရဲဖြစ်သွားသောဆံပင်တို့မှလွဲ၍
Chanyeol မျက်နှာမှအရိပ်အယောင်တို့ ပြောင်းလဲမသွား…။

" အော်…အင်း…ဖုန်းက… "

ကျောပိုးအိတ်လေးကို ရင်ဖက်ထဲတင်းတင်းပိုက်လိုက်
ရင်း ပြန်ဖြေရန် Baekhyun အားယူလိုက်ရသေး
သည်။

" ကျောပိုးအိတ်အောက်ဆုံးထဲရောက်နေလို့…
ငါ ဖုန်းဆက်ကြည့်ဖို့ကိုလည်း မေ့နေမိတာ…
ဖုန်းက ကိုင်လေ့ကိုင်ထမရှိတော့… "

လှေကြမ်းခင်းကို တမင်အကြည့်လွှဲထားရင်းမှ
Baekhyun ဖြေသည်…။
စက်ခုတ်သံကြားထဲ Baekhyunအသံက ပိုတိုး
ဖျော့နေ၏။ မျက်နှာချင်းဆိုင်ထိုင်နေသော Chanyeolအကြည့်တို့ မိမိဆီကိုရောက်နေမှန်း
မျက်လုံးထောင့်မှ မြင်မိသည့်အခါ…Baekhyun
အသံက ပိုတိုးဖျော့သွားသည်…။

ဖြေရှင်းစကားကြောင့်ထင် Chanyeolထံမှ
သက်ပြင်းချသံထွက်လာသည်။
ဖြစ်ချင်မှလည်းဖြစ်နိုင်ပါသည်…။ စက်သံ…ရေသံများ
အကြား Baekhyun အကြားအာရုံတို့ကပါ တိုးဖွ
ရောထွေးနေ၏…။

" ဒါနဲ့ ဒီလှေက ဘယ်ကငှားလာတာလဲ… "

တစ်ယောက်မှမပါဘဲ မိမိတို့နှစ်ယောက်သာ လိုက်
လာသော စက်လှေကို Baekhyun နောက်တစ်
ခေါက်ထပ်အကဲခတ်လိုက်မိပြန်သည်။
ပစ္စည်းပို့… လူပြေးဆွဲသော စက်လှေတော့ဟုတ်မည်
မထင်…၊ မကြာခဏအသုံးပြုထားပုံမပေါ်သော လှေက
အသစ်နီးနီးအတိုင်း… သုံးထားသောပစ္စည်းများကအစ
ဈေးမြင့်မည်ထင်ရသည်…။

Chanyeol လှေပေါ်တက်လာပြီး ကမ်းမှချက်ချင်း
ထွက်လာပုံထောက်… Chanyeolတစ်ယောက်
တည်း ငှားလာပုံပေါ်၏…။

" ဦးလေးKim ငှားပေးလိုက်တာ…
လှေမှောက်တဲ့သတင်းကြားပြီး မင်းကိုဆက်သွယ်တာ
မရလို့ဆိုပြီး ငါ့ကို ချက်ချင်းလိုက်လာခိုင်းလိုက်တာ "

143 -N- 637Tahanan ng mga kuwento. Tumuklas ngayon