🦋Ep-2🦋

1.1K 131 6
                                    

"ငါ့ကိုလက်မထပ်ဘဲ အမေဖြစ်သူရဲ့အသက်ကိုဆုံးရှုံးခံမလား ဒါမှမဟုတ် ငါ့ကို လက်ထပ်ပြီး အမေဖြစ်သူရဲ့အသက်ကိုကယ်မလား ... မောင်"

တစ်ဖက်ကထိုလူရဲ့စကားကြောင့် Chanyeol အံ့လဲအံ့ဩသွားသလို အနည်းငယ်လည်းတွေဝေသွားသည်။ထိုလူ မိမိအားစနောက်တယ်လို့ပြောရအောင်လဲ ထိုလူ့မျက်နှာကတည်ငြိမ်နေပြီး စနောက်တယ်လို့မထင်ရ။ပြီးတော့ ထိုလူ့စကားတွေက Chanyeolအားအကြပ်ရိုက်စေသည်။

"ငါ့အထင် မောင့်မှာ စဉ်းစားပိုင်ခွင့်မရှိဘူးထင်တယ်နော်"

ထိုလူ့ရဲ့အပြုံးတွေ ထိုလူ့ရဲ့စကားတွေကို Chanyeolသဘောမကျပါ။အရာရာကို သူလိုချင်ရင် ရနိုင်သည့်အနေအထားနဲ့ပြောနေသည့် ထိုလူ့ပုံစံက Chanyeol အမြင်တွင်လွန်စွာ မကြည်စေသည်။ပြိးတော့ထိုလူ သူ့အား ခေါ်သည့် နာမ်စားက အလွန်ကြက်သီးထစရာကောင်းသည်မို့ ကိစ်စကိုဖြေရှင်းရန် Chanyeol သူ့အား မျက်လုံးချင်းဆုံလျက် ...

"ဒီမှာ အဲ့ဘက်ကစကားတွေမလွန်ပါနဲ့ ၊ အဲ့ဘက်ကသူကို ကျွန်တော်မသိပါဘူး အဲ့တော့ အဲ့ဘက်က လက်ထပ်ဖို့ပြောတာကို ငြင်းပါတယ်ခင်ဗျ ၊ ပြီးတော့ မေမေ့ရဲ့ ရောဂါအတွက်ကုဖို့စရိတ်ကိုလဲ ခြေတွေလက်တွေ ပြည့်စုံနေတဲ့ ကျွန်တောါက သေချာပေါက်ရှာနိုင်တာမို့ သွားခွင့်ပြုပါအုံး"

မျက်စိရှေ့ကထိုလူအား မျက်ပြင်းအလွန်ကပ်နေသည်မို့ လျင်မြန်စွာပင် ထွက်လာခဲ့လိုက်သည်။နောက်ပါးစီးမှ ထပ်ပြောလာတဲ့ ထိုလူ့စကားကို လျစ်လျူရှုရင်းနဲ့ပေါ့။

"တစ်ရက်စာလောက်သာ ရတဲ့ ငွေကြေးနဲ့ အမေဖြစ်သူကို လုံ"လောက်"ထောက်ပံ့နိုင်လို့လား"တဲ့လေ ...

ဟုတ်ပါတယ် ... တကယ်လဲ Chanyeolရဲ့ သီချင်းဆိုသမျှ ရတဲ့ပိုက်ဆံနဲ့ အမေ့ကုသစရိတ်ကို မထောက်ပံ့နိုင်ပါဘူး။သို့ပေမဲ့ အခြားယောကျာ်းလေးတစ်ယောက်လက်ထဲ သူ့ဘဝပေးပြီးလို့တော့ သူ့ကိုသူ မရက်စက်နိုင်ဘူး ။ အမေလဲ လက်ခံနိုင်မှာ မဟုတ်သည့်အတွက် ထိုကမ်းလှမ်းမှုကို သူငြင်းခဲ့တာ မမှားဘူးဟု ထင်မိသည်။

-----
ဆေးရုံကို သုံးရက်လောက်သာ တတ်ခိုင်းပြီးနောက်မှာတော့ ဆေးရုံစရိတ်မတတ်နိုင်လို့ရယ် အမေ့အား အိမ်တွင်ခေါ်ကာ ကိုယ်တိုင်ကုစေခဲ့သည်။ဆရာဝန်ပြောသလိုဘဲ မေမေမှာရှိတဲ့ Alzheimerရောဂါက တဖြည်းဖြည်းနဲ့အခြေအနေဆိုးလာပြီး ပြောပြီးသားစကား လုပ်ဖို့ အလုပ်တွေကိုသာ မေမေ့ကမေ့မေ့တတ်လာသည်။တစ်ခါတစ်လေ ခေါင်းလဲထထကိုက်သေးတာကြောင့် Chanyeolမှာ ရက်ပိုင်းအတွင်းပြူးပြူးပြာပြာရယ်။

" Dear Mg " {COMPLETE}Where stories live. Discover now