🦋 Ep-14 🦋

1.3K 115 6
                                    

"မနက်ဖြန်အစည်းအဝေးအတွက်သေချာစီစဉ်ထားလိုက် "

"ဟုတ်ကဲ့ပါ သူဌေး အော် ဟိုCompanyကို ဘယ်နေ့သွားကြည့်မလဲ သူဌေး"

"တဘက်ခါလောက်သွားမယ် ဒီကြားထဲ မပြီးသေးတဲ့စာရင်းတွေအမြန်ဆုံးအပြီးသတ်လို့ပြောလိုက်"

"ဟုတ် သူဌေး"

မန်နေဂျာအားပြော၍ Chanyeolလက်ပတ်နာရီအားတစ်ချက်ကြည့်လိုက်တော့ နေ့လယ်1နာရီပင်ထိုးနေတာမို့ ထမင်းစားဖို့ရန်အတွက် ရုံးခန်းထဲကထွက်လာခဲ့သည်။Chanyeolရဲ့နေ့လယ်စာနဲ့ ညစာကတော့ အပြင်မှာတင်ပြီးသွားတာမို့ အခုလည်းMarketမှာ စားနေကျထမင်းဆိုင်အား ထွက်လာခဲ့သည်။

လမ်းလျှောက်နေရင်း တစ်လျှောက်လုံးလည်း ဆိုင်ခန်းတွေရဲ့အခြေအနေတွေကို မျက်စိထောက်ထောက်ကြည့်နေသည်။Chanyeolရဲ့Marketကလူသွားလူလာများသလို တစ်နေ့တည်းလဲရောင်းအားအကောင်းဆုံးဖြစ်သည်။ပြောရရင် ဒီလေးနှစ်အတွင်းChanyeolကြိုးစားခဲ့တာကြောင့် Marketကြီးလည်း နဂိုထက်ပင်ရောင်းအားကောင်းနေသည်။

အိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်၍ ဟန်ပါပါလျှောက်နေသည့် CEOကိုလည်း ဝန်ထမ်းများက ခိုးကြည့်တလှည့် ပေါ်တင်ကြည့်တလှည့်လုပ်ရင်း ငမ်းနေကြသည်ကို လျစ်လျူရှုကာ ထမင်းဆိုင်သို့သာဦးတည်လာခဲ့သည်။တစ်နေရာထောင့်ချိုးကွေးအရောက် ခြေထောက်ကိုလာတိုက်သည့် အကောင်သေးလေး။

"အာရိုး!"

Chanyeolဒူးခေါင်းနှင့်တိုက်မိသွားသော နဖူးလေးကခပ်ရဲရဲဖြစ်သွားသည်ကို လက်ဖောင်းဖောင်းလေးတွေနဲ့ အုပ်ကိုင်ကာ မျက်စိမျက်နှာပျက်နေသော ကလေးမလေးကြောင့် Chanyeol နေကာမျက်မှန်ကနေတစ်ဆင့်အောက်ကိုငုပ်ကြည့်ကာ ကြောင်နေမိသည်။

မကြာသေး ဒိုင်းကနဲမော့ကြည့်လာသည့် မျက်စောင်းတစ်ခုနှင့်ဆူထော်နေသော နှုတ်ခမ်းတစ်စုံက နီးကပ်နေရင် ‌ထိုးတောင်ထိုးတော့မည်အနေအထားမှာပင်။

"ဒီမှာ ဦးလေးကြီး လူတစ်ယောက်လုံးလာတာမမြင်ဘူးလား"

"ဟမ်"

ကလေးမ‌လေးရဲ့စကားကြောင့် Chanyeolအနည်းငယ်ကြောင်သွားခဲ့သည်။မသိရင် Chanyeolကဘဲ လမ်းကြည့်မလျှောက်လို့အခုလိုတိုက်မိသလိုနဲ့ တကယ်‌ေတာ့ကလေးမလေးက အကောင်သေးသေးလေးဖြစ်‌ေနတာမို့ မမြင်ရတာမဟုတ်လား။

" Dear Mg " {COMPLETE}Where stories live. Discover now