🦋 Ep-12 🦋

979 98 6
                                    

"ဒါက ဘာအတွက်လဲ"

"သူဌေးလေးBaekhyunကသူဌေးလေးChanyeolအတွက်ပေးခိုင်းလိုက်တာပါ"

မျက်စိရှေ့တွင် မြင်နေရသည့် ဖိုင်အားChanyeol မျက်မှောင်ကျုံ့ကာကြည့်လိုက်သည်။Chanyeolက Baekhyunနဲ့ထပ်မတွေ့ချင်တော့မို့ ဆေးရုံကအမေကိုတောင် ခေါ်ချလာပြီး ဘယ်သူ့မှမသိနိုင်တဲ့တစ်နေရာမှာလာနေကြတာ။ဒါကိုBaekhyunကဘယ်လိုတွေများစုံစမ်းပြီး သိလာခဲ့လည်းဆိုတာကို Chanyeolစဉ်းစားလို့မရ။Baekhyunကိုပေါ့သေးသေးလို့ထင်မိတာမှားသွားပြီထင်ပါရဲ့။

"သူဌေးလေးBaekhyunက LAကိုထွက်သွားပါပြီ"

Chanyeolအလန့်တကြားနှင့် ထိုလူ့ကိုလှမ်းကြည့်မိသည်။ထိုလူကတော့ အေးဆေးတည်ငြိမ်စွာပင် Chanyeolကိုကြည့်နေပြီး ဖိုင်ကိုလဲ Chanyeolနှင့်နီးကပ်စေရန်တိုးပေးလျက်ဆိုသည်။

"သူဌေးလေးBaekhyunကသေချာစဉ်းစားပြီးထွက်သွားတာပါ သူဌေးလေးChanyeolစိတ်အနှောက်အယှက်မဖြစ်စေရဘူးလဲ သူပြောသွားခဲ့တယ် ၊ပြီးတော့ သူပေးတာလဲလက်ခံပေးပါတဲ့ ဒါကသူဌေးလေးChanyeolအပိုင်မို့ပါတဲ့ အထဲမှာလည်း သူဌေးလေးChanyeolအတွက်စာလဲထည့်ထားပါတယ် ၊ကျွန်တော်တာဝန်ကျေပြီမို့ သွားခွင့်ပြုပါ"

စကားကို‌ပြီးဆုံးအောင်ပြောသွားပြီး ဦးညွှတ်ကာထွက်သွားခဲ့သည့် ထိုလူကိုChanyeolကြည့်နေရင်းကနေ စားပွဲခုံပေါ်က ဖိုင်လေးအားထပ်ကြည့်နေမိသည်။Chanyeolအခုရောက်နေသည့်ဆိုင်က Chanyeolအလုပ်လုပ်နေသည့် ကော်ဖီဆိုင်ပင် ဆိုင်ခန်းကကျင်းနေပေမဲ့လည်း လစာကောင်းသည်ကြောင့် အလုပ်လုပ်နေခြင်းပင်။ခဏတာအတွင်းမှာတော့ Chanyeol မေမေ့ဆေးပဖိုးအတွက် ပင်ပင်ပန်းပန်းရှာပြီး ပိုက်ဆံစုကာ USသို့ပြန်သွားမည်ဖြစ်သည်။

Chanyeol အတွေးဆတို့ကိုအမြန်ဖျက်ကာ စားပွဲပေါ်ကဖိုင်အားကောက်ယူလိုက်ပြီး ဖွင့်ဖို့မဖွင့်ဖို့ကိုစဉ်းစားနေမိသည်။စိတ်ထဲကွာရှင်းစာချုပ်တစ်ခုလိုခံစားနေရပြီး ဖွင့်ဖို့ရန်အတွက် ခက်ခဲနေသည့် သူ့ကိုယ်သူပင် နားမလည်။ ကွာရှင်းစာချုပ်ဖြစ်ရင်ရော ဘယ်ဖြစ်လဲလို့တွေးမိကာမှ ရင်ထဲစူးကနဲအောင့်လာသလိုပင်။ခံစားချက်ကိုလျစ်လျူရှုလျက်ပင် ဖိုင်အဖုံးလေးအား ဖွင့်လိုက်တော့ ထင်ထားသည့်ကွာရှင်းစာချုပ်မဟုတ်ပါဘဲ Marketတစ်ခုရဲ့စာချုပ်ပင်ဖြစ်တာကြောင့် Chanyeol အံ့ဩပြီးရင်း အံ့ဩမိသွားရသည်။ပြောရရင် ထိုMarketကChanyeolအဖေရဲ့ကုမ္ပဏီကိုဖြိုပြီးဆောက်ထားတဲ့ Marketပင်။

" Dear Mg " {COMPLETE}Where stories live. Discover now