🦋Ep-3🦋

974 117 0
                                    

စတီယာတိုင်ကို လက်တစ်ဖက်နဲ့ထိန်းကိုင်လျက် တည်ငြိမ်စွာမောင်းနေသည့် Baekhyunအား Chanyeol မိနစ်တော်တော်ကြာတဲ့ထိပင်ငေးစိုက်ကြည့်နေမိသည်။ဘေးတစောင်းမြင်နေရတဲ့ Baekhyunမျက်နှာထားက ငယ်ငယ်ကမေမေဖတ်ပြဖူးတဲ့ နတ်သမီးပုံပြင်ထဲက နတ်သမီးအလားဘဲ။

ဘာလို့နတ်သားလို့မပြောတာလဲဆိုတော့ ... Baekhyunက‌မိန်းကလေးတွေလို လှတယ်၊ အင်း ... သူမြင်ဖူးသမျှ မိန်းကလေးတွေထက်အရမ်းကိုလှတယ် ။ နှာခေါင်းလုံးလုံးလေး၊ မျက်လုံးမှေးမှေးလေး၊နှုတ်ခမ်းသေးသေးလေး ၊ Baekhyunမျက်နှာပေါ်မှ ရှိတဲ့အရာတိုင်းက ချစ်စရာကောင်းကြတယ်လို့ သူကောက်ချက်ချမိတယ်။

တဆတ်တည်းကြည့်ရင်း စတီယာတိုင်ကို ဆုတ်ကိုင်ထားတဲ့ လက်က ယောကျာ်းတစ်ယောက်လိုလက်မဟုတ်ပါဘဲ ... မိန်းကလေးတွေလက်လိုပျော့ပျော့ပျောင်းပျောင်း ၊ သွယ်သွယ်လေးရယ်။မင်ဂလာဆောင်တုန်းက သူBaekhyunလက်ကိုင်တော့ သိပ်တောင် သတိမထားမိသွားတာကို နှမြောမိသည်။ဒီလက်လေးက ဘယ်လောက်တောင် နူးညံ့နေမလဲဆိုတာကို သူ ခံစားကြည့်ချင်သည်။

Baekhyunအလှကို အခုလိုတွေစာဖွဲ့နေလို့ Baekhyunကိုသဘောကျနေတယ်လို့ မထင်ပါနဲ့၊ ဒီတိုင်း ... အင်း ၊ ဒီတိုင်း အလှတရားကို ခံစားကြည့်တာ ။ ဒါကိုတော့ အထင်မလွဲစေချင်။

Chanyeol ကားမောင်းနေသည့် Baekhyunကို လည်စောင်းပြီး ကြည့်နေရတာ အားမရတော့ ကိုယ်ကိုပါ တစောင်းအနေအထား ထားကာ သေချာစိုက်ကြည့်။ အယ် ... သေချာစိုက်ကြည့်မှ သတိထားမိတဲ့အရာတစ်ခုတွေ့ပြန်တယ်။

Baekhyunမှာ အာဒမ်ရဲ့ပန်းသီးလေးမရှိဘူးဆိုတာ။

ပုံမှန်အားဖြင့် ယောကျာ်းလေးတွေမှာ အဲ့အသီးကရှိကြတာမလား။မရှိတာဆိုလို့ မိန်းကလေးတွေရယ်လေ။အခု Baekhyunမှာမရှိတော့ ... မဟုတ်မှလွဲရော ? Baekhyunက ယောကျာ်းတစ်ယောက်လို့ ခန့်ညားတာလဲ မဟုတ်ဘဲ မိန်းကလေးတွေထက်တောင် လှပတဲ့ မျက်နှာမျိုးလဲပိုင်ဆိုင်ထားပြီး ၊ သူ့လက်ကလေးကလဲ ‌သွယ်"လျ"လေး၊ ပန်းသီးလဲ မရှိဘူး ...၊ သေချာတယ်  Baekhyunက ...

"မောင်~ငါ့ကို ကြည့်တာရပ်သင့်ပြီး‌ေနာ် နောက်မို့ဆို ငါရှက်နေမိလို့ ကားတိုက်မှုတွေဖြစ်တော့မယ်"

" Dear Mg " {COMPLETE}Where stories live. Discover now