🦋 Ep-6 🦋

925 115 11
                                    

"မောင်ရေ ..."

"ဟုတ် လာပြီ!"

အိမ်ရှေ့သို့ အပြေးအလွှားထွက်လာသည့်မောင်က လက်ထဲမှာလဲ အိတ်နဲ့ macbookရယ်ကို ကိုင်ထားပြီး ဆံပင်တွေကလဲ ထိုးထိုးထောင်ထောင်ဖြစ်နေပုံမှာ ကလေးတစ်ယောက်နှယ်တူနေသည့်မို့ Baekhyun သဘောတကျနဲ့ကြိတ်ပြုံးမိသည်။

မောင်ကတော့ macbookကိုင်ထားသည့်လက်နဲ့ဘဲအိတ်ထဲမှာ စာရွက်စာတမ်းတွေ အစံုပါလာစစ်နေတာမို့ Baekhyun ပြုံးနေခြင်းကို သတိမထားမိ။ တွန့်ချိုးနေတဲ့ မျက်ခုံးတန်းတွေကိူကြည့်နေခြင်းဖြင့် မောင်တစ်ခုခုဖြစ်နေသည်ကို သိသွားသည်မို့ Baekhyunမေးမယ်ကျန်တော့ မောင် ဦးစွာ ကပြာကယာဖြေလာသည်။

"ဟို ကျွန်တော် ဖိုင်တစ်ခုထပ်မေ့ခဲ့တယ် ဟဲဟဲ ၊ သွားယူလိုက်အုံးမယ်"

Baekhyunအဖြေကိုမစောင့်ဘဲ အလောတကြီးအိမ်ထဲပြေးဝင်သွားတဲ့မောင့်ကိုကြည့်ရင်း Baekhyun သက်ပြင်းကိုလေးပင်စွာချမိသည်။ကိုယ်သူကို လက်ထောင်အဖြစ် ခန့်လိုက်တာ မှားများသွားပြီလားထင်မိသည်။မောင်အခုလို ဖိုင်တွေကျန်ခဲ့သည်မှာ အခုနဲ့ဆိုလေးခါရှိပြီရယ်။

အရာရာတိတိကျကျအလုပ်လုပ်တတ်ပြီး စီးပွားရေးနဲ့ပတ်သက်ရင် အမှားမခံသည်သူက အခုတော့ မောင့်ကြောင့်စိတ်ရှည်နေရသည်။အခြားသူတွေနဲ့ မောင့်ကိုတွဲမတွေ့ချင်လို့ သူ့အနားမှာ လက်ထောက်အဖြစ်ခန့်ပါတယ်။ ပထမနေ့မှာတင် မောင်က ရှပ်ပြာရှပ်ပြာနဲ့ ဟိုပစ္စည်းမေ့ ဒီပစ္စည်းမေ့။ အင်းလေ ... ကိုယ်က စိတ်မချတော့လဲ ခံရမှာပေါ့ ။

"ရပြီ အဟဲ"

မျက်နှာချိုသွေးပြီး အပြုံးလေးနဲ့ထပ်ရောက်လာပြန်တဲ့မောင့်ကို Baekhyun အပြုံးလေးနဲ့မေးလိုက်သည်။

"မောင် နောင်ထပ် ဘာယူအုံးမလဲ"

"ဟင် မယူတော့ဘူးလေ အကုန်စုံပြီရယ် ၊ ပထမ‌ဆုံးနေ့ဆိုတော့ စိတ်လှုပ်ရှားပြီး အခုလိုဖြစ်သွားတာ အဟဲ"

"အော် .."

"လာ သွားကြရအောင်"

နောက်ဆုံးတော့ အလုပ်သွားရပြီဟုတွေးရင်း အလုပ်သမားတံခါးဖွင့်ပေးလာတဲ့ ကားထဲဝင်‌ေတာ့မောင်ကလည်း ဝင်ထိုင်သည်။မောင်ကdriver seatမှာဖြစ်ပြီး ကိုယ်ကLover seat။အိတ်နဲ့Macbookကိုကိုင်ထားရင်း ကားစတီယာတိုင်အား အကြောင်းသားကြည့်နေသည့်မောင့်ကို Baekhyun ကြည့်ရင်း မျက်ခုံးပင့်မိသွားသည်။

" Dear Mg " {COMPLETE}حيث تعيش القصص. اكتشف الآن