🦋Extra🦋

1.8K 99 4
                                    

"မောင်ရေ သမီးလေးရော"

"မောင် ဘယ်သိမလဲ အခန်းထဲမှာမဟုတ်ဘူးလား အသဲရဲ့"

Baekhyunမေးတော့ မီးဖိုခန်းထဲဟင်းချက်နေသည့် Chanyeolကလှမ်းပြောသည်။ဒီနေ့ သမီးလေးကကင်ချီဟင်းရည်နဲ့ထမင်းနဲ့ စားချင်သည့်ဟုပူဆာသောကြောင့် အဒေါ်ကြီးကိုတောင်မခိုင်းဘဲ ကိုယ်တိုင်မီးဖိုခန်းထဲဝင်နေရခြင်းဖြစ်သည်။

"သမီးလေးကလဲ ဘယ်တွေလျှောက်သွားနေလဲ မသိဘူး ရေချိုးပေးမို့ကို"

Baekhyunတစ်ယောက်‌ထဲရေရွတ်လိုက်ပြီး အပေါ်ထပ်ကအခန်းဆီတတ်လာခဲ့သည်။အခန်းထဲဝင်ပြီး ရှာခဲ့ပေးမဲ့ သမီးလေးရဲ့အရိပ်အယောင်တောင်မတွေ့တာကြောင့် Baekhyunစိုးရိမ်သွားခဲ့သည်။

မနက်‌ေစာ‌ေစာကတည်းက Baekhyunတစ်‌ေယာက်ကုမ္ပဏီကိစ္စတွေနဲ့ အလုပ်ရှူပ်နေခဲ့တာမို့ အိပ်ယာနိုးလာတဲ့အယ်ရီလေးကိုတောင် မျက်နှာသစ်၊သွားတိုက်ဖို့ Chanyeolကသာလုပ်ပေးခဲ့သည်။

အခုအလုပ်တွေပြီးလို့ အယ်ရီလေးကိုရေချိုးပေးဖို့ နေရာအနှံ့လိုက်ရှာတာတောင် မတွေ့တော့ Baekhyunစိတ်ပူမိသွားသည်။နဂိုထဲကကလေးက အိမ်ပြင်ကနေတောင်မထွက်တာ လမ်းဆိုလဲသိမှာမဟုတ်ဘူး။ဒါကြောင့် ကလေးကအဆေယ့သန်ပြီး အိမ်ပြင်ရောက်သွားခဲ့ရင် လမ်းများပျောက်နေမလား စိတ်ပူဇောနဲ့ Baekhyunအိမ်‌ပြင်ထွက်ရှာဖို့လုပ်သည်။

"အသဲ ဘယ်လဲ"

"ငါ အယ်ရီလေးကိုသွားရှာမလို့ မောင်က အိမ်မှာနေခဲ့"

အိမ်ပြင်ထွက်တော့မဲ့Baekhyunကိုမြင်တော့ Chanyeol ဟင်းချက်တာကိုအမြန်လက်စသက်၍ မီးဖိုခန်းထဲကထွက်ပြီးမေးလိုက်တော့ Baekhyunဖြေလာသည့်စကားကြောင့် Chanyeolပါစိတ်ပူသွားရသည်။

"ဟမ် သမီးလေးကိုမတွေ့သေးဘူးလား သူခြံထဲမှာမရှိဘူးလား"

"မတွေ့လို့ပေါ့ မောင်ရယ် ၊နေခဲ့တော့ ငါသွားရှာလိုက်အုံးမယ်"

"နေအုံး မောင်လဲလိုက်မယ်"

Chanyeolကသူ့ခြေတံရှည်ကြီးတွေနဲ့ အမြန်လျှောက်သွားကာ အိမ်ပြင်ထွက်သွားသည်ကို Baekhyunအနောက်ကနေအပြေးလိုက်သွားရသည်။မသွားခင်လည်း သန့်ရှင်းရေးလုပ်နေသည့်အဒေါ်ကြီးကို အသိပေးခဲ့ရသည်။

" Dear Mg " {COMPLETE}Where stories live. Discover now