"မောင် ဟိုရောက်ရင်လာကြိုတဲ့ကားနဲ့လိုက်သွားလိုက်နော်"
"Baekhyunကရော"
"ငါက အလုပ်ကိစ်စနဲ့Companyတန်းသွားရမာမို့ မလိုက်ဖြစ်တော့ဘူး"
"ဟွန်း! ထပ်ပြီးအလုပ်ကိစ်စလား ၊ အခုတောင် အလုပ်ကိစ်စပြီးလို့ပြန်လာတာလေ ထပ်ပြီးသွားရမယ်ဆိုတော့ မဟုတ်သေးဘူး ၊မပင်ပန်းဘူးလား"
Baekhyun က နှုတ်ခမ်းတဆူဆူနဲ့ ပြောနေတဲ့ Chanyeolအား အသဲတယားယားနဲ့ကြည့်နေမိသည်။ မောင်က ဒီလိုဘဲ ချစ်ဖို့ကောင်းတတ်လား။ဒါဆို မဖြစ်တော့ဘူး ကြာလေ Baekhyunမောင့်ကိုစွဲလမ်းတဲ့စိတ်က ပိုပြီးကြီးမားလေဖြစ်လိမ့်မယ်။
"မောင် မသွားစေချင်ရင် ငါမသွားဘူးလေ"
"ဟင် အဲ့လိုရတာလား"
မိမိအား မျက်လုံးဝိုင်းဝိုင်းလေးေတွနဲ့ကြည့်နေသည့် Chanyeolကို ချစ်မြတ်နိုးစွာ ခေါင်းကိုငြိမ့်ပြလိုက်တော့ Chanyeolကသွားတွေလှစ်ခနဲပေါ်ပြီး ပါးချိုင့်ခွက်နှစ်ဖက်ပေါ်လွင်အောင် ရယ်ပြသည်။
Baekhyunလည်း Chanyeolစိတ်ချမ်းသာသွားတာကို သိရတော့ ရင်ထဲအေးချမ်းသွားပြီး အိမ်ကလာကြိုတဲ့ကားနဲ့ဘဲပြန်လိုက်ခဲ့ပြီး Companyကလာကြိုတဲ့ကားကိုတော့ ပြန်လွှတ်လိုက်သည်။Airportနဲ့Baekhyunအိမ်ကို နှစ်နာရီနီးပါးမောင်းရတာေြကာင့် လူကလဲ လေယာဉ်ပေါ်မှာ ခဏလောက်ဘဲမှေးဖြစ်သွားတာေြကာင့် အခုလည်းအနည်းငယ်ပင်ပန်းနေတာနဲ့ မောင့်ပုခုံးလေးကိုေခါင်းေလးမှီပြီးမျက်လုံးတွေမှိတ်ကာ အနားယူနေလိုက်သည်။
ပုခုံးပေါ် Baekhyunခေါင်းလုံးလေးရောက်လာတာေြကာင့် ကားမှန်ကနေတစ်ဆင့် အပြင်ပတ်ဝန်းကျင်အား ကြည့်နေတဲ့ မောင်ကတွန့်ကနဲဖြစ်သွားပြီး ခေါင်းလေးစောင်းလို့ Baekhyunအား ငဲ့ကြည့်လာသည်။နှာခေါင်းထိပ်နဲ့ ရွှေဝါရောင်ဆံပင်တို့က ထိကပ်သွားတာေြကာင့် ရှန်ပူရနံ့မွှေးမွှေးက ကျီစယ်နေသလိုပင်။Chanyeol သတိမထားလိုက်မိခင်မှာဘဲ ပြုံးလိုက်မိသည်။
နှစ်နာရီလောက်မောင်းပြီးနောက် Baekhyunတို့ခြံရှေ့သို့ရောက်လာခဲ့သည်။ကားလေးက ခြံရှေ့လဲရောက် ကျွီကနဲပွင့်သွားတဲ့ ခြံတံခါးကြီးကြောင့် Chanyeol အိပ်နေရာမှ လန့်ကနဲဖြစ်ကာ နိုးသွားကရသည်။
YOU ARE READING
" Dear Mg " {COMPLETE}
Fanfictionမောင့်ကြောင့်နဲ့ ပြုံးရယ်မယ် ... မောင့်ကြောင့်နဲ့ ပျော်ရွှင်မယ် ... မောင့်ကြောင့်နဲ့ ငိုကြွေးမယ် ... မောင့်ကြောင့်နဲ့ နာကျင်မယ် ... မောင့်ကြောင့်နဲ့ ရှင်သန်မယ် ... 🦋B.B.H🦋 မောင့်ကြောင့်နဲ့ ပြုံးရယ်မယ် ... မောင...