🦋 Ep-9 🦋

889 99 2
                                    

"မောင် နောက်တစ်ပတ်ထဲအားတယ်မို့လား"

"အင်း အားပါတယ်ဘာလို့လဲ"

"မောင့်ကိုလူတစ်ယောက်နဲ့တွေ့မလို့"

"အော် အားပါတယ် Companyမှာလဲ အစည်းအဝေးမရှိဘူးမလား"

"အင်း မရှိဘူး"

"အင်း"

မနက်စာစားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်ထိုင်လျက် မနက်စား,စားကာ စကားပြောနေကြသည့် နှစ်ယောက်အား အိမ်အကူအဒေါ်ကြီးမှ သဘောတကျကြည့်၍ အခန်းထဲမှ တိတ်တဆိတ်ထွက်လာခဲ့သည်။နှစ်ယောက်သားကို အခုလိုတွေ့ရတာဝမ်း‌သာမိတာမို့ နှစ်ယောက်သားအတူ"ရှိနေသည့်အချိန်အား မနှောက်ယှက်ချင်တာကြောင့် မုန့်တွေချပေးပြီး အခန်းထဲမှ အမြန်ဆုံးထွက်လာခဲ့သည်။

Chanyeol ခရင်းနဲ့ ကင်ထားသောsausageတစ်ချောင်းကို ထိုးပြီး တစ်ကိုက်ကိုက်နေတုန်း အတွေးတစ်ခုဝင်လာသည်က Baekhyunကို လူရှာခိုင်းသည့်ကိစ္စပင်။ဒါကြောင့်မို့ လက်ထဲကခရင်းအားပန်းကန်ပေါ်ချလိုက်ပြီး Baekhyunကိုကြည့်ကာစကားစလိုက်သည်။

"ဟို ကျွန်တော်ရှာခိုင်းထားတဲ့လူ တွေ့ပြီလားဟင်"

Chanyeolစကားကြားတော့ sausageအချောင်းကိုလှီးဖြတ်နေသည့် Baekhyunလက်တွေတုန့်ကနဲရပ်တန့်သွားသည်။စက္ကန့်ပိုင်းလောက်သာငြိမ်ကျသွားပြီး သတိပြန်ဝင်လာကာ Chanyeolကိုစိုက်ကြည့်လျက် ဆိုသည်။

"တွေ့ဖို့မကြာတော့ပါဘူး မောင်ရဲ့၊ ငါ့ကိုသာ အားကိုးလိုက်စမ်းပါ"

"ကျေးဇူး"

နှစ်ယောက်သာသည် တစ်ယောက်ကို တစ်ယောက်ပြုံးလျက်ကြည့်၍ပင် မနက်စာ,စားခြင်ူကို အဆုံးသတ်ခဲ့သည်။ဒီနေ့သည် Companyသွားရမည့်နေမို့ နှစ်ယောက်သား ပြင်ဆင်ကာ Companyသို့ထွက်လာခဲ့သည်။ထုံးစံအတိုင်း Chanyeolကဖိုင်တွေကိုင်၍ Baekhyun တောက်" တောက်"သွားသည့်နောက် ခြေတံအရှည်ကြီးတွေနဲ့ ပြေးလိုက်ရသည်။

BaekhyunကCompanyရောက်ရင် အခြားသူဌေးတွေလို ရုံးခန်းထဲအေးဆေးထိုင်နေခြင်းမရှိပါဘဲ Companyမှာရှိသည့် ဌာနတိုင်းကို လိုက်လံစသ်ဆေးပြီး ကြီးကြပ်သည်။ဒါကြောင့်မို့ သူသွားတိုင်းကို သူ့ရဲ့လက်ထောက်ဖြစ်သည့် Chanyeolက တောက်လျှောက်လိုက်ရပေသည်။အခုလည်း နယ်ဘက်က shareဝင်ထားသည့်စက်ရုံဘက်ကို စစ်ဆေးဖို့ဆိုပြီး လိုက်ခဲ့ရပြန်သည်။Chanyeolက အခုလိုတွေသွားရမှန်းငိတော့ ကားမောင်ခြင်းကို သင်ထားရသည်။အခုတော့ ဘယ်သွား" Chanyeol,Baekhyunကို ကိုယ်တိုင်ကားမောင်းပြီး ပို့နိုင်ခဲ့ပြီ။

" Dear Mg " {COMPLETE}Where stories live. Discover now