🦋 Ep-13 🦋

1K 109 10
                                    

"သား သူဌေးလေးBaekhyunကိုစိတ်ဆိုးနေတာလား"

အမေဖြစ်သူရဲ့စကားကြောင့် ထမင်းခူးနေသည့်Chanyeolလက်တွေတုန့်ကနဲရပ်သွားခဲ့သည်။လှုပ်ရှားမှုမရှိပါဘဲ ငြိမ်နေသည့်သားကြောင့်အမေကသက်ပြင်းဖွဖွခိကာ သားရဲ့လက်ပေါ်ဖွဖွအုပ်ကိုင်လျက်ဆိုသည်။

"အိမ်ထောင်တစ်ခုတည်ဆောက်မယ်ဆိုရင် အဲ့မှာလိုအပ်ဆုံးကနားလည်မှုဘဲ သား"

မေမေ့စကားကြောင့်Chanyeolမျက်ဝန်းဝိုင်းဝိုင်းတို့ဟာဒိုင်းကနဲရောက်လာပြီး နှုတ်ခမ်းနှစ်လွှာဟာလည်း အံ့ဩမှုကြောင့်ပွင့်ဟသွားခဲ့သည်။မေမေကအေး‌ဆေးတည်ငြိမ်စွာ လိုရင်းကိုဆိုသည်။

"အမေ့ကိုကြာကြာမလိမ်နိုင်ဘူး သားရယ် ၊သားနဲ့ သူဌေးလေးBaekhyunနဲ့က လက်ထပ်ထားကြတယ်ဆိုတာ မေမေ့အကုန်လုံးသိတယ်"

"မေမေ ဘယ်လိုသိတာလဲ"

"သိတာပေါ့ကွယ် သူဌေးလေး သားအပေါ်ကြည့်နေတဲ့အကြည့်တွေ သားကသူဌေးလေးအပေါ်ကြည့်နေခဲ့တဲ့အကြည့်တွေဟာ သာမန်မဟုတ်သလို သားတို့ရဲ့လက်သန်းကြွယ်က ဆင်တူလက်စွပ်တွေက မေမေ့ကိုသဘောစေတာဘဲ၊မေမေကနေမကောင်းပေမဲ့ မေ့သားလေးကိုအရိပ်တကြည့်ကြည့်နဲ့ကြည့်နေခဲ့တာပါနော်"

မေမေ့စကားကြောင့် Chanyeolရင်ထဲစို့ကနဲဖြစ်သွားပြီး မေမေ့အားလှမ်းဖက်လိုက်သည်။မေမေကထိုင်‌ေနရင်းပင်Chanyeolကိုဖက်ကာကျောပြင်အား ခပ်ဖွဖွပုတ်လျက် နှစ်သိမ့်‌ေနခဲ့သည်။မေမေကဒီကိစ္စကိုသိနေခဲ့တာကြာပေမဲ့ ပြောလိုက်ရင်သားဖြသ်သူအခက်ခဲဖြစ်သွားမှာဆိုးလို့သာ သားရဲ့ဖွင့်ပြောခြင်းကိုစောင့်နေခဲ့ရသည်။သားရဲ့လက်ထပ်ခြင်းကိုသူမ,မဆန့်ကျင်သည်က သူဌေးလေးကသားအပေါ်ဂရုစိုက်မြှတွေနဲ့ချစ်ခြင်းတွေဟာ ဘယ်လောက်ကြီးမားသလဲဆိုသည်ကိုသူမကိုယ်တိုင်တွေ့နေခြင်းပင်။

သို့ပေမဲ့ လွန်ခဲ့သည့်တစ်လကအဖြစ်အပျက်ဖြစ်တဲ့ သားကသူဌေးလေးဆီကထွက်လာခဲ့သည့်အကြောင်းကိုတော့ သူမ,မသိသေးပါ။ဘာကြောင့်မှန်းမသိပေမဲ့ သေချာပေါက်နားလည်မှုလွဲနေခြင်းဟုပင် ထင်မိသည်။ဒီတစ်လတွေအတွင်းမှာလည်း သားလေးကတည်ငြိမ်လာပြီး အထီးကျန်နေသလိုခံစားနေရတာမို့ သူမ,မေးဖို့ရန်အတွက်ဆုံးဖြစ်ခဲ့လိုက်ခြင်းဖြစ်သည်။

" Dear Mg " {COMPLETE}Donde viven las historias. Descúbrelo ahora