🦋Ep-11🦋

898 107 8
                                    

"မောင့်!"

လှည့်ထွက်သွားတော့မည့်‌ မောင့်ကိုBaekhyunလက်ကနေအမြန်လှမ်းဆွဲ၍တားလိုက်သည်။မောင့်လက်တွေဟာအေးစက်နေပြီးတုန်နေသည်ကိုBaekhyunခံစားလိုက်ရသည်။Baekhyunစိုးရိမ်တကြီးနဲ့မော့ကြည့်လိုက်တော့ မောင်ကBaekhyunကိုကျောပေးထားပြီးခေါင်းကိုငုပ်ထားသည်။

"မောင်"

Baekhyunနောက်တစ်ကြိမ်မောင့်ကိုခေါ်လိုက်တော့ မောင့်ဆီကအသက်ရှူသံခပ်ပြင်းပြင်းကြားလိုက်ရပြီး မောင့်ရဲ့နောက်ကျောဟာလည်း နိမ့်ချည်မြင့်ချည်ဖြစ်နေသည်ကိုတွေ့နေရသည်။နောက်တစ်ဖန်ခေါ်ဖို့ ထပ်ကြိုးစားမယ်အလုပ် မောင့်ဆီကကြားလိုက်ရတဲ့စကားက "ကျွန်တော့်ကိုလွှတ်ပါ"တဲ့။

တစ်ချိန်ကျဖြစ်လာမဲ့ အကြောင်းအရာတစ်ခုကို ကြိုတွေးမိထားပြီးပြင်ဆင်ထားသော်ငြား ရုတ်တရပ်ကျရောက်လာတဲ့အခါ ပြင်ဆင်ထားမှုကဗရောက်ဗယက်ဖြစ်ကုန်သည်။Baekhyunလည်းနည်းတူ မောင့်လက်ကိုကိုင်ထားသည့်လက်တွေဟာလည်း တုန်ယင်နေသည်။သို့ပေမဲ့ မလွှတ်ပေးပါ။လွှတ်လိုက်ရင် မောင်ကBaekhyunဆီဘယ်တော့မှပြန်လာတော့မှာ မဟုတ်တော့ဘူး။

"မောင် ငါရှင်းပြတာနားထောင်ပါအုံး တကယ်တော့.."

"တော်တော့! ကျွန်တော် ဘာတစ်ခုမှမကြားချင်ဘူး ၊ အခုကျွန်တော့်ကိုလွှတ်ပေးပါ"

"မောင့်! ငါလွှတ်လိုက်ရင် မောင်က ... မောင်ကငါ့ဆီကနေ ထွက်သွားမှာလေ ... ဟင့်အင်း! ငါဘယ်တော့မှ မလွှတ်ပေးဘူး"

"ကျစ်!"

မောင်က စိတ်မရှည်သလိုကျစ်စုပ်လိုက်သည့်အခါ Baekhyunမျက်ရည်တို့ဝဲလာသည်။တုန်ယင်နေတဲ့ အောက်နှုတ်ခမ်းကိုဖိကိုက်လျက် မောင့်လက်ကို ပိုတင်းတင်းကြပ်ကြပ်ကိုင်ထားသည်။မောင်ကတော့ ခုချိန်ထိ Baekhyunကို ကျောခိုင်းတုန်းပင်။ဖေဖေကမနေနိုင်စွာ ထိုင်နေရာမှထလာပြီး Baekhyunဘေးနားလာရပ်သည်။ပြီးတော့Baekhyunပုခုံးကို ခပ်ဖွဖွပုပ်ပြီးနှစ်သိမ့်ကာ မောင့်ဆီသို့လျှောက်သွားပြီး မောင့်ရှေ့သို့ရပ်လိုက်တော့ မောင်ကဆတ်ကနဲမော့ကြည့်လာသည်။

"ဦးရှင်းပြပါရစေ Chanyeol ... Chanyeolဦးအ‌ေပါ်မြင်နေတဲ့အရာအားလုံးက အမှားတွေချည်းဘဲ ..."

" Dear Mg " {COMPLETE}Where stories live. Discover now