🦋 Ep-8 🦋

853 113 3
                                    

"မေမေ သက်သာလားဟင် ၊ခေါင်းကိုက်တာတွေရောရှိလား"

"ဟင့်အင်း မေမေအားလုံးသက်သာပါတယ်ကွယ် စိတ်မပူပါနဲ့"

အမေဖြစ်သူက ပြုံးလျက်ပြောတော့ Chanyeolလည်းထပ်တူပြုံးမိသွားသည်။ မေမေ့ရဲ့အပြုံးကို မမြင်ရတာ ကြာသည့်အတွက် ယခုမှာတော့ Chanyeolမျက်ရည်ဝဲလျက်ပင်ဝမ်းသာမိသည်။

ထိုင်နေရာမှထရပ်၍ စောင်စကို မေမေ့ရင်ဘက်ထိခြုံပေးလျက် heaterအား တင်ပေလိုက်သည်။ ဆောင်းရာသီကူးပြောင်းတော့မည် ဖြစ်သည့်အလျောက် အအေးမခံနိုင်သည့် မေမေ့အား သေချာဂရုစိုက်ရမည်ပင်။

"သား "

မေမေ့ရဲ့ တိုးဖျဖျခေါ်သံကြားတော့Chanyeolမေမေ့ကို ခေါင်းလေးငြိမ့်ကာ ထူးလိုက်သည်။မေမေ့ပုံကိုကြည့်ရတာ သက်သာသလိုရှိပေမဲ့ ဖြူဖျော့နေတဲ့နှုတ်ခမ်းရယ် ခြောက်သွေးနေတဲ့အသားရည်ကြောင့် Chanyeol တစ်ဝက်သာ စိတ်သက်သာရာ ရခဲ့သည်။

"Baekhyunလေးကို ကျေးဇူးတင်ပါတယ်လို့ပြောပေးပါအုံးကွယ် မေမေ့မှာ သူ့ကို ဘယ်လိုကျေးဇူးဆပ်ရမလဲ မသိတော့ဘူး"

"မေမေရယ် သားလာတိုင်း သူ့ကို ကျေးဇူးတင်စကားပြောဖို့ဘဲ မှာတယ်နော် အဲ့လောက်ထိမလိုပါဘူး တစ်ခါပြောလဲရတာကို ပြီးတော့ သူ့ကို မေမေကျေးဇူးဆပ်ဖို့အတွက် ပူမနေနဲ့ သားဆပ်ပြီးပြီ"

သားရဲ့ဘဝနဲ့ဆိုတာကိုတော့ မေမေ့အား အသိမပေးချင်ပါ။ မေမေဝမ်းနည်းမှာ မမြင်ချင်သလို မေမေစိတ်ဆိုးဒေါသဖြစ်မည်ကိုလဲ Chanyeol မတွေ့ချင်ပါ။ ဘယ်မိဘကရော ကိုယ့်သားယောကျာ်းအချင်းချင်းယူထားသည်ကို လက်သင့်ခံမလဲ၊ဘယ်မိဘကရော ကိုယ့်သားဘဝကိုပေးပြီး ကိုယ့်အသက်ကို ကယ်ခဲ့သည်ဆိုတာ သိရင် ကျေနပ်မလဲ။

မေမေ့ရဲ့ ဖြူဖျော့ဖျော့ မျက်နှာကို ငေးတော့ မေမေကအကြောင်သား လှမ်းကြည့်ကာ တစ်ခုခုကို မေးချင်နေသည့်ပုံ။ Chanyeolထင်တာသာမလွဲရင် Baekhyunကို ဘယ်လိုကျေးဇူးဆပ်ခဲ့တာလဲဆိုတာပင်။မေးလာမည့် စကားအတွက် အဖြေမဖြေနိုင်သည်ကြောင့် Chanyeolပြန်ဖို့ကိုသာ ဆုံးဖြတ်လိုက်သည်။

"မေမေ သားပြန်တော့မယ်နော်"

"အင်း အင်း ဂရုစိုက်ပြန်နော် Bus မစီးဘဲ Taxiနဲ့ပြန် "

" Dear Mg " {COMPLETE}Where stories live. Discover now