🦋 Ep-7 🦋

877 105 2
                                    

"ဟူး..."

Chanyeol ဆိုဖာပေါ် ‌စိတ်ပျက်လက်ပျက်ထိုသ်ချလိုက်ပြီး သက်ပြင်းရှည်ကြီးကိုထုတ်လိုက်သည်။‌ငြောင်းငြာကာ ပင်ပန်းနေသည့် ခန္ဓာကိုယ်ကိုလဲ ဂရုမစိုက်အားဘဲ အတွေးတွေက နေ့လည်ကအချိန်ဆီသို့တွေးနေမိသည်။

Chanyeolဒီနေ့ အလုပ်နားရက်ဖြစ်‌ေနတာကြောင့် မေမေ့ဆီကိုလဲ ဝင်ကြည့်ရင်း Chanyeolရဲ့ အစီအစဉ်ကိုလဲ အကောသ်အထည်ဖော်ရသည်။မေမေ့ဆီမှာ မနက်ပိုင်းတစ်ပိုင်းလုံနေပြီး နေ့လည်ရောက်တော့ Chanyeolဖေဖေကိုသတ်သွားသည့် ဖေ‌ေဖ့အတွင်းရေမှူးအကြောင်းကို လိုက်စုံစမ်းသည်။

အရင်ဖေဖေ့Companyနေရာသို့သွား‌ေတာ့ Centreကြီးတစ်ခုကိုဖွင့်ထားတာကြောင့် Chanyeol စိတ်ဓာတ်သို့ကျသွားသည်။Chanyeolထင်သည်က ဖေဖေဆုံးသွားပြီးသည့်နောက် ပြီးတော့ Chanyeolတို့ သားအမိ USသွားပြီးသည့်နောက် Companyကဒေဝါလီခံသွားပြီး အခြားလူတစ်ယောက်ကဤ‌ေနရာကိုဝယ်ယူခဲ့သည်ဟုသိရသည်။ထင်သည်က အဖေ့Companyကို ဆက်လက်တည်ထောင်မယ်ဟုပင်။အဲ့လိုဆို အဲ့အတွင်းရေးမှူးကလည်း သေချာပေါက် အလုပ်မ‌ေပြာင်း‌ေဆက်လုပ်မည်ဟုထင်ခဲ့တာ။ထိုအတွေးကို ငယ်ငယ်ကတွေးခဲ့သည်မှာ မှားနေခဲ့သည်။ငယ်ငယ်က မိမိအတွေးကိူ ယခုထိတွေးမိနေသည်မှာ Chanyeolတကယ်ကိုပင် ရူးသည်။

Chanyeol စိတ်ညစ်ညစ်နဲ့သက်ပြင်းတစ်ခုချကာ မျက်စိရှေ့ကာ Centre ကြီးအား ကျောခိုင်း၍ ထွက်လာမည်အလုပ်

"Chanyeol?"

နောက်ကျောဘက်ဆီမှ သူ့နာမည်ကိုကြားလိုက်ရတာကြောင့် Chanyeol အလန့်တကြားနဲ့ လှည့်ကြည့်မိတော့ လုံခြုံရေးဝတ်စုံဝတ်ထားသည့် အသက်ခပ်ကြီးကြီးဦးလေးကြီးတစ်ယောက်။‌ပြောရမယ်ဆို တော်တော်ပင်ရင်းနှီးနေသည့် မျက်နှာထားမို့ ထိုဦးလေးကြီးအား Chanyeolစူးစိုက်ကြည့်မိတော့ ထိုဦးလေးဆီမှ ဝမ်းသာအားရသံတို့ထွက်လာခဲ့သည်။

"ဟား ... အဟေး တကယ်ဘဲ Chanyeolလေးဘဲ"

"ဗျာ"

"Chanyeolလေး ဦးကိုမသိဘူး‌လား Chanyeolလေးရဲ့ဖေဖေCompanyမှာ လူံခြုံရေူအလုပ်လုပ်တဲ့ ဦးလေး ချွဲလေ"

ဦးလေးကြီးက ဝမ်းသာအားရပြောနေပေမဲ့ Chanyeolကတော့ ဘာမှ မမှတ်မိတော့တာမို့ အားနာနာနဲ့ပင် ခေါင်းကိုခါရမ်းလိုက်ရသည်။

" Dear Mg " {COMPLETE}Where stories live. Discover now