🦋Ep-10🦋

957 95 5
                                    

"မောင်"

"ဗျာ"

"တကယ်လို့ ငါကမောင့်အတွက်မဖြစ်နိုင်တဲ့လူတစ်ယောက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

"ဘယ်လို"

Chanyeol သူ့လက်မောင်းခေါင်းအုံးအိပ်နေသည့်Baekhyunကို နားမလည်သလို ငုံ့ကြည့်လိုက်သည်။နှာခေါင်းထိပ်နှင့်ထိစပ်သွားသည့် နီညိုရောင်ဆံသားတစ်ချို့ဆီကနေ ရှန်ပူသင်းသင်းလေးရနေသည်ကိုခံစားမိသည်။ဒီလောက်ထိချွေးထွက်အောင်ဖြစ်ထားတာတောင် Baekhyunရဲ့ရနံ့ကမွှေးတုန်းပင်။Chanyeolကနားမလည်းသလိုမေးတော့ Baekhyun, Chanyeolရင်ခွင်ဝင်ကာ ထပ်မေးလိုက်သည်။

"တကယ်လို့ တစ်နေ့ကျရင် ငါကမောင်မုန်းတဲ့သူဖြစ်သွားရင် ဘယ်လိုလုပ်မလဲမောင်"

တကယ်တော့ ဒီမေးခွန်းမေးခြင်းဟာ အကြောင်းတစ်စုံတစ်ခုကြောင့်ဆိုကိုတော့ Baekhyun မောင့်ကိုမပြောချင်ပါ။မျက်ဝန်းထဲဝေ့တက်လာသည့် မျက်ရည်းစပ်တို့ကို မောင်မမြင်စေရန် မောင့်ရင်ခွင်ထဲဝင်၍ ပုန်းခိုလိုက်သည်။

"ဟ Baekhyunကလဲ မဖြစ်နိုင်တာ ကျွန်တော်ကဘာလို့Baekhyunကို မုန်းရမှာလဲ ဒါကလုံးဝအဓိပ္ပာယ်မရှိဘူးနော်"

"ဒါဆို ငါကမောင်လက်မခံနိုင်တဲ့လူတစ်ယောက်ဖြစ်သွားရင်ရော"

"Baekhyun ဘာဖြစ်လို့လဲ"

Chanyeol စိတ်မရှည်တော့၍ ရင်ခွင်ထဲကကောင်လေးကို ပုခုံးကနေကိုင်ကာ မျက်နှာချင်းဆိုင်လိုက်တော့ လူကို မျက်တောင်ပုတ်ခတ် ပုတ်ခတ်နဲ့ ပြူးကြောင်"လေးလာကြည့်သည်။

မျက်နှာလေးကနုဖက်ကာ ဖြူဝင်ူနေပြီး နှာခေါင်ထိပ်နှင့် မျက်ဝန်းထောင့်တွေဟာ ခပ်ရဲရဲလေးဖြစ်နေသည်။နဖူးစပ်ကချွေးစတို့ကြောင့် ကပ်ငြိနေသည့်ဆံနွယ်တို့နှင့် သပ်ပေးကာ Chanyeol, Baekhyunကို ‌တည့်တည့်စိုက်ကြည့်လျက်

"မဟုတ်တဲ့အတွေးတွေ မတွေးပါနဲ့ကွာ ၊ မောင် မင်းကို ဘယ်တော့မှ မမုန်းပါဘူး"

လုံလောက်ပါပြီ‌ မောင် ။

Baekhyun မျက်လုံးတွေမှိတ်တဲ့အထိပြုံးလျက် Chanyeolရင်ခွင်ထဲတစ်ဖန်ပြန်ဝင်တော့ Chanyeolလည်း တင်းကြပ်စွာ ဖက်လိုက်သည်။အဝတ်လစ်ဟင်းနေသည့် Baekhyunကိုယ်လုံးလေးကို အနွေးထည့်ရစေရန် ထပ်တူအဝတ်လစ်ဟင်းနေသည့်Chanyeolက သူ့ရင်ခွင်ထဲတင်း"ကြပ်"ဖက်၍ စောင်ခြုံကာ အနွေးဓာတ်ကိုပေးလိုင်သည်။

" Dear Mg " {COMPLETE}Where stories live. Discover now