🦋 Ep-5 🦋

863 112 2
                                    

"အင်းးးး"

Chanyeol တစ်ယောက်ငြီးလျက်ပင် မျက်လုံးတွေပွတ်ကာ နှိုးလာခဲ့သည်။ မီးရောင်ဖျော့ဖျော့ကိုသာ ထွန်းထားပြီး လိုက်ကာတွေလဲ ဖုံးထားတာကြောင့် အခန်းတွင်းက အနည်းငယ်မှောင်ချင်နေသည်။ လက်တစ်ဖက်နဲ့ ဘေးဘက်ကိုစမ်းကြည့်မိတော့ အေးစက်စက်ခံစားချက်ကြောင့် Baekhyun အိပ်ယာထသွားတာ ကြာပြီဟုခန့်မှန်းရသည်။

Chanyeol အိပ်နေရာမှ ထထိုင်ကာ ဘေးစားပွဲပေါ်ကနာရီအားကြည့်တော့ မနက်ဆယ်နာရီပင်ထိုးနေတာမို့ Chanyeol မျက်လုံးတို့ပြူးသွားသည်။ဒါနဲ့ဘဲ အချိန်ဆွဲမနေတော့ဘဲ ရေချိုးခန်းထဲဒုန်းဆိုင်ဝင်လာခဲ့သည်။

ကိုရီးယားပြန်ရောက်ကတည်း Chanyeol အကျင့်တွေပျက်နေပြီ ။ USမှာမနက်ခြောက်နာရီစောစောထတတ်သည့် Chanyeolက မနက်တိုင်း ကိုးနာရီ ၊ ဆယ်နာရီမှ နိုးလာတတ်သည် ။ ထမင်းဆိုလဲ ပုံမှန်မစားဖြစ် ။ လှူပ်ရှားမှုလဲ မရှိ အခန်းထဲအောင်းကာ ဂစ်တာဘဲထိုင်တီးနေသည်။

Baekhyunကလဲ ပျင်းနေတဲ့ Chanyeolကို တအားအလိုလိုက်သည်။ မနက်ဆိုလဲစောစောမနှိုးဘဲ အိပ်ယာဝအောင်အိပ်စေသည်။ မနက်စာဆိုလဲ အခန်းထဲအား အဆင်သင့်လာပို့ခိုင်းထားသည်။ အလုပ်ကိုလဲ ဘာမှမလုပ်ခိုင်းဘဲ သူကချည်းဘဲဦးဆောင်နေသည်။ လိုချင်တဲ့ဂီတာတစ်လက်အား ဝယ်ပေးထားသလို လိုအပ်တာမှန်သမျှကိုလဲ ဝယ်ပေးကာ Chanyeol စိတ်ချမ်းသာအောင်ထားသည်။

အခုအခြေအနေက Chanyeolကအချစ်ခံကြီးဖြစ်နေတော့ နည်းနည်းနေရခက်သည်။ ကိုယ်နဲ့တူညီတဲ့ ယောကျာ်းသားတစ်ယောက်က ကိုယ့်ကိုအခုလိုချစ်နေတာဆိုတော့ တွေးမိတိုင်းကြက်သီးထသည်။ပြီးတော့ Chanyeolအမြဲတွေးနေတဲ့အရာတစ်ခုရှိသည်။အဲ့တာက ဘယ်သူကအိမ်ထောင်ဦးစီးလည်းဆိုတာပင်။

ဘာလုပ်လုပ် အမြဲတမ်း Baekhyunဘက်က ဦးဆောင်သွားပြီး Chanyeolကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားသည်။ဤအရာကို Chanyeolမကြိုက်။ငယ်ငယ်ကတည်းက စိတ်ကူးထားသည်ကား အိမ်ထောင်ကျခဲ့ရင် ကိုယ်က အားကိုးရထိုက်တဲ့ ယောကျာ်းကောင်းတစ်ယောက်ဖြစ်ရမည်ပင်။ အခုတော့ Chanyeolက သူများကိုအားကိုးနေရသည်။ ဒါကို သဘောမတွေ့၍ ညကတည်းစဉ်းစားမိသည့်အရာကိုထုတ်ပြောရန် Chanyeol အခန်းထဲမှာအသင့်ရှိနေသည့်မနက်စာကို ခပ်သွက်သွက်စား၍ Baekhyunရှိတဲ့ဆီထွက်လာခဲ့သည်။

" Dear Mg " {COMPLETE}Where stories live. Discover now