(Part-2)

3.2K 182 2
                                    

မနက်ခင်း တိတ်ဆိတ်နေသော အချိန်လေး အား ဖြိုခွဲ လိုက်သူမှာ သူငယ်ချင်းကြီး
ယွ​န်းမေသူ ပင်

"ဟဲ့ မိသက် ငသက်မရေ "

"အေး လာခဲ့ " ဟု စောင်ပုံ ကြီး ကြားမှ ထ ထိုင်ရင်း  ကြည့်မိသော အခါ

တံခါး အဝလေးနဲ့ မျက်စောင်း ဖြင့် ယွန်းမ

"ဟယ် ဘယ်လိုတုန်း မျက်စောင်းတွေနဲ့"

"နင့်မနေ့က ဘာတွေ လမ်းများနေတာလည်း မိသက်"

"မများဘူးဟယ် ငါ့ ပြောပြမယ် လာ ဒီကို ဒီလိုကွာ" ဆို၍ အဖြစ်အပျက်အစ အဆုံးကို ပြန်ပြော​ပြတော့...ယွန်းမ မှ

"မိသက် နင်အဲ့ဆိုရင် ဒီ အစ်မကို ပိုက်ဆံ ပြန်ပေး လို့မဖြစ်နိုင်တော့ဘူးပေါ့"

"အင်းပေါ့ ယွန်းမရဲ့ ငါ့လည်း စိတ်ညစ်နေတာ အားနာလို့ရယ်" အဲ့ ဆိုင်မှာ ပြန်သွားစောင့်မယ် အဲ့ အချိန်တိုင်းလို့ တော့ စဥ်းစား ထားတယ်"

"ဟင် နင်ကလည်း ဖြစ်ပါ့မလား မိသက်ရယ်"

"ဘာလို့တုန်းဟဲ့ နင့်ကရော ဘာလာလုပ်တာလဲ မိယွန်း"

"နင်ဆိုသည်မှာလေ့ နောက်တစ်ပတ်ဆို ကျောင်းတွေ ပြန်ဖွင့်ပြီလေ့ နွေရာသီ ပိတ်ရက်ကုန် လို့ ​မိုးတောင် ရောက်စပြုတော့မယ်လေ့... ကျောင်း ဖွင့်ဖို့ ဆရာမတွေက တောင် ခုံတန်းနဲ့ အတန်းတွေပါ ခွဲ ပြီး ပြင်ဆင်နေကြပြီဟဲ့ နင် ကတော့ ဘာမှ မသိဘူးမလား မနေ့က ငါ အဲ့အရှေ့ ရောက်လာတာဟ"

"ဆိုတော့ကာ နင်ပြောချင်တာက"

"အပြင်သွားမယ်ကွာ မိသက် ဝယ်စရာလေး တွေနဲ့ ငါ့တို့ ကျောင်းဝတ်စုံတွေပါ ယူခဲ့ရအောင်လေ့ အကုန်အဆင်သင့် ဖြစ်နေအောင်လို့ ပြောရင်း"

"ငါ မနေ့က ဆိုင်ကိုလည်း ခဏလောက် သွားစောင့်မယ် ရလား ယွန်းမ"

"အင်းအင်း သဘောပါဟဲ့ အမြန်သာ ထလုပ် အောက်မှာ စောင့်နေမယ်"လို့ပြောရင် တစ်ချက် လှမ်း ရိုက်သွားတော့ ယွန်းမကို
ကြည့်ပြီး အမြင်ကပ် ချင်နေမိသည်။

..........................................................

"ယွန်းမရေ ငါ့ပြီးပြီ သွားကြမယ်"

"i will Never tell"Where stories live. Discover now