အိမ်ပြန်ရောက်သည်မှာ တစ်ရက်ပင် ရှိသေး သက်သက်မှာ အလွန် အပျင်း နေမိသည်။ ဒါက ပျင်း ခြင်း သီး သန့် ပင် မဟုတ် လွမ်းခြင်း များ ပါ အတိအလင်း ပါနေ တော့သည်။ တစ်ရက်အတွင်း မှာ ပင် ထို လွမ်းရတဲ့ အကြောင်း များ ကို စာစီ မည် ဆိုပါ က သက်သက်ကတော့ အရှည်ဆုံးရေး နိုင်မည့် သူ ဖြစ်ပါလိမ့်နိုင်၏။
ဖုန်း ကို ထုတ်ကာ ကမ်းခြေတုန်း က အတူ ရိုက် ခဲ့တဲ့ ပုံ ကို ကြည့် ပြီး အလွမ်း သယ်နေချိန်"ဆရာမ ဆိုသည့် အဝင်callလေး ကြောင့်"
"ဟယ်လို " သက်သက်အသံ မှာ အနည်းငယ် တုန် ယင် သလို နဲ့ အသံ တိမ်တိမ်လေး ဖြစ်နေတော့သည်။
"ကလေး နေမကောင်း တာလား"
"ဟင့်အင်း မ ဒေါင်ဒေါင် မြည်ပါရှင့်" သက်သက် ရယ်သံ လွင်လွင် ဖြင့်ပြောမှ တစ်ဖက် မှ သူ့ဆရာမ ရဲ့ ရယ်သံလေး ပြန်ကြားရတော့၏။
"မနက်ဖြန် သီတင်း ကျွတ်ပြီနော်"
"ဟုတ်တယ် မ အမှတ်မခြစ်ရသေးဘူးမလားဟင်"
"ပိတ်ရက်လေ့ကွယ်"
"ဟီး ဟုတ်သားပဲ့ မ ၅ရက်မလား"
"ဟုတ်တယ် ကလေး "
အတော်အတန်ကြာ အထိ စကား မပြောဘဲ ငြိမ်ကုန်နေပြီးသည်မှ..
"ဟို ကလေး ဘာတွေ လုပ်နေလည်း"
"မလုပ်ပါဘူး မ"
"အော် အင်း"
"မရော သီတင်းကျွတ် ဘာတွေ လုပ်ဖို့ရှိလည်း ဟင်"
"မရှိပါဘူး ကလေးရဲ့ အိမ်မှာပဲ့လေ"
"လပြည့်နေကျ သက်သက် တို့အိမ် လာပါလား မ မုန့်လုပ်စားမလို့ "
"ဟုတ်ပါ ပြီ ဘယ်အချိန်လည်း ကလေး"
"ညနေလောက်ရှင့်"
"အင်း ကလေး"
"မ ဖုန်း ဆက်တာ ဘာပြောမလို့လည်းဟင်"
"သတိရနေလို့ပါကွယ် မရဘူးလား"
"မဟုတ် ပါဘူး ရ ရပါတယ် မ" ဆိုကာ သက်သက် မှာ စကား များ ပင် ထစ်ကုန်ရချေ၏။
"မ ကလေးနဲ့ အတူ ရုပ်ရှင် ပြန်ကြည့်ချင်သေးတယ်"
"ဟင် "
YOU ARE READING
"i will Never tell"
Science Fictionဘယ်တော့မှ မပြောဖြစ်လိုက်တဲ့ စကားတွေက တော့ "ချစ်တယ်"ဆိုတာနဲ့ "လမ်းခွဲပြတ်စဲတယ်"ဆိုတဲ့ စကားတွေပါပဲ့....