(Part-12)

1.5K 112 2
                                    

ထိုနေ့မှ စ၍ နွေ တို့ အတူ ထမင်း စား ဖြစ်ကြသည်။

နွေ စာသင်ပေးသည့် အချိန် တိုင်း စကားတွေ ပြောကြရင်း သက်သက် နဲ့ အတော် ပင် ရင်းနှီး နေကြပေသည်။ အ်ခား သူနဲ့ ဆို ငြိမ်တတ်တဲ့ ကလေးဟာ နွေ့ကို ဆို နားထောင်ချင်စရာကောင်းအောင်ကို စကားတွေ ဖောင်ဖွဲ့ပြောတတ်၏။

တစ်ပတ်တာ ကာလအချိန် အတွင်း သက်သက်နဲ့ နွေ အတော်ပင် ရင်းနှီး နေသလိုပင် အိန္ဒြာ လေး နဲ့လည်း တော်သင့်ရုံ ရင်းနှီးနေပြီ ဖြစ် သည်...တစ်နေ့ အိန္ဒြာလေး ကို စာသင်ပေးချိန်

"သမီး အိန္ဒြာ စာ ထဲ စိတ်မထည့် နိုင် ဖြစ်နေတာလားဟင်" စာအပေါ် စိတ်မဝင်စားနိုင်သည့် ပုံ ပေါက်သဖြင့် နွေ မေးလိုက်ခြင်းပင်

"မဟုတ်ပါဘူး ဆရာမ" ခေါင်းကို ငုံ့၍ သာ ဖြေလာသော သူ့တပည့် အခြေအနေကို နွေသိ၍ စာသင်ခြင်း ကို ခဏနားကာ

"ဆရာမကို ပြောပြ ဘာဖြစ်လို့လည်း ဘာတွေ စိတ်ညစ်စရာရှိလို့လည်း သမီး" နွေ လေးနက် စွာ မေးလိုက်၏။

"ဆရာမကို ပြောလို့ ဖြစ်ပါ့မလားဟင်"

"ရတာပေါ့ သမီးရဲ့ သမီးအတွေးရဲ့ အဖြေကို ဆရာမနဲ့ အတူ တိုင်ပင်တယ်ပဲ့ ဆိုပါစို့"

"ဟုတ် ဆရာမ"

"ပြောပါဦး ဘာတွေ တွေး စိတ်ညစ်နေတာလည်း" နွေ တည်ကြည်တဲ့ အသံနဲ့မေးတော့

"သဘောကျ ရတဲ့သူ ရှိနေတယ် သူက အခြား သူကို သဘောကျနေတယ်ပုံပဲ့ ဆရာမ"

နွေ အိန္ဒြာ အမေး ကို မထူးဆန်း ဒီ အရွယ်မှာ စိတ်ကစား တတ်သည်မျိုး ဖြစ်ကြတတ်သည်မလား သို့သော်လည်း သူက ဆရာမမို့

"ဒီ အတိုင်းပဲ့ ဆက်သဘောကျနေလေ ဒါပေမယ့် သဘောကျတာက သဘောကျပေါ့ စာကို တော့ စိတ်မဝင်စား မဖြစ်ရဘူးလေ ဒီအရွယ် သူသဘောကျတဲ့သူရှိတာတောင် အရမ်းငယ်သေးလို့ မတည်မြဲ လောက်ပါဘူးကွယ်" နွေ့ အတွေး နဲ့ သာ တွေးပြီး ပြောလိုက်ခြင်းပင်

"တည်မြဲ သွားရင်ရော ဆရာမ"

"ဒါတွေက နောက်မှ ဖြစ်လာမည့်အရာတွေပါ သမီး အခု လက်ရှိ လုပ်သင့် လုပ်ထိုက်တာကို တွေး သမီးလည်း အရမ်းငယ်သေးပါတယ် ဖြစ်လာနိုင်တာ ရှိသလို ထင်တဲ့အတိုင်း မဖြစ်လာနိုင်တာ ရှိတယ် ဒါကို ရင်ဆိုင်နိုင်အောင်ကြိုးစားတတ်ရမယ်လေ့"

"i will Never tell"Where stories live. Discover now