(Part-31)

1.5K 175 45
                                    

သို့
မ ။ "မ" လို့ ခေါ်ခွင့် ပေးဖို့ နောက်ဆုံးအနေနဲ့ တောင်း ဆိုပါရစေ ဒီနောက်ပိုင်း သက်သက် စည်း ခြားပြီး နေပေးပါတော့မယ်
အိပ်ရာခင်းပေါ် က စာရွက်တွေ တွေ့တွေ့ ချင်း သက်သက် ကို ပြေးရှာမှာ သိပါတယ် ပထမဆုံး သက်သက် အိပ်တဲ့ အခန်း ကို အရင် မ လာရှာမယ် ထင်လို့ စာရေးပေးခဲ့ပါတယ် မဟုတ်ရင် တစ်အိမ်လုံး ပတ်ရှာနေရမှာမလား ဒီလောက်လေးတောင်ထပ်ပြီး မပင်ပန်းစေချင်ပါဘူး အဲမလို့ ထွက်သွားတဲ့သက်သက်ကို
အပင်ပန်းခံပြီး ထပ်မရှာပါနဲ့ မ ကို
မပင်ပန်းစေချင်တော့လို့ ထွက်သွားတာပါ။ တကယ်တမ်းကျ ညက စမ်းသပ် မိပါတယ် သက်သက်ကို ချစ်သေးလား ဆိုတာကို ညက အပြုအမူ နဲ့ စမ်းသပ်မိပါတယ်။ ဒီလ်ို သာ ဝေးရမယ်မှန်း သိရင် အစကတည်း က ရှေ့ဆက်ဖို့ ၀န်လေးမိမှာပဲ့ မကိုလည်း မစမ်းသပ်သင့်ခဲ့ဘူး
မက မပျော်ရွှင်ရတဲ့သက်သက် ဘ၀ ထဲ တိုး၀င်လာပေးတဲ့ ပျော်ရွှင်မှုလေးပါ ။ သက်သက်ဘ၀ လေး ပျော်ရွှင်လာဖို့အတွက် ကံကြမ္မာက မကို သက်သက်စီ တွန်းပို့ ပေးခဲ့ သလိုပါပဲ့ ။ မ အစောကြီး သက်သက်ဘ၀ထဲ က ထွက်သွားပေမယ့်ပေါ့ ...
အတူ ရှိခဲ့တဲ့ အချိန် တွေက ဘာနဲ့ မှ လဲ မရအောင် တန်ဖိုး ရှိလွန်းပါတယ်။ သက်သက်လည်း ပျော်ခဲ့ရပြီးပြီမလို့ ကျေနပ်ပါတယ် မရယ်
မ လည်း ပျော်ဖို့ ထိုက်တန်တဲ့သူမလို့ မ ချစ်တဲ့ သူနဲ့ လွတ်လွတ်လပ်လပ် ချစ်ပါ မ လိုချင်တဲ့ ဘ၀ လေး ရပါစေလို့ ဆု တောင်းပေးပါတယ်
ဒီစကား တွေ ကို ပြောရမယ်လို့ တစ်သက် မထင်ခဲ့ဖူးပါဘူး ဘ၀ရဲ့အဆုံးသတ်ဟာလည်း မ လက်လေးကို ဆွဲ ကိုင်ပြီး ပြီးဆုံးမယ် ထင်ခဲ့တာပါ။ တစ်သက်လုံး မ ချစ်တဲ့ သူ က သက်သက်ပဲ့ ဖြစ်နေမယ်လို့ သက်သက် လောဘတွေ ကြီးခဲ့ မိပါတယ် အမှန် ပြောရရင် မ ကို ပြန်လိုချင်ပါသေးတယ် အတ္တတွေ လို မ မှတ် ချင် ရင် မှတ်ပစ်လိုက်ပါ။
ချစ်ခဲ့တာ ကို သက်သက်က အသိဆုံးမလို့ပါ ။ မ အချစ်တွေ သက်သက် မရနိုင်တော့ဘူး ဆိုကတည်းက အသက်ရှင် ရ အလကား ဖြစ်နေသလို ပါပဲ့ ...
ဒါပေမယ့် ဆက်ပြီး ရှင်သန်နေဦးမှာပါ "မ " ပျော်နေတာလေး ကို ကြည့် ချင်ပါသေးတယ် မ ကို စိတ်မချ နိုင်ဘူး ... ထွက်သွားတဲ့ သက်သက်က မ ကို မုန်းလို့မဟုတ်ပါဘူး အရင် သက်သက်စီက ထွက်သွားတဲ့ မ အဆင်ပြေအောင်ပါ။
အဆင်ပြေတဲ့ ဘ၀လေး မ ရရှိပါစေ...
တစ်ချိန်က မရဲ့
ကလေး

"i will Never tell"Where stories live. Discover now