(Part-18)

1.7K 155 18
                                    

"ဒီ အနားလေးကို လာပါစို"

"ဟင် ဟုတ် ဟုတ် မ"

"ရော့"

"ဟင် ချစ်စရာလေး" သူ့ လက်ထဲ ထည့်ပေး သော ဒေစီပန်းပုံလေး ကလစ် လေး ကို ကြည့် ရင်း သက်သက် ပြောလိုက်၏။

"အခု တပ်ထားပါလား မျက်နှာလေးမှာ ဒဏ်ရာတွေနဲ့လေ ဆံပင်လေး ကျနေတာ"

"ဟုတ် မ"

"ဘာလို့ ဆံမိတ်လေး မချတာလည်း ကလေးနဲ့ဆို လှမှာ"

"မိန်းမအရမ်းဆန်လို့လေ"

"ဟင် ကလေးက မိန်းကလေးပဲ့ကိုး" နွေလည်း ရယ်ရင်း ပြန်စတော့...

"ဟီး မလိုက်ဘူးလည်း ထင်လို့ပါ ကလေးလည်းဆန်တယ်"

"ဒါဖြင့် မမသက်သက် က ကလစ်လည်း မပန်တတ်ဘူးပေါ့" နွေ လည်း ထ်ိုကလေး ကို ဆက် စ ချင်နေသော​ စိတ်ကြောင့်

"အာ မမသက်သက် မဟုတ်ဘူးလေ မ ကလည်း"

"မသိဘူးလေ ကလေးဆန်တယ်ဆိုလို့ပါ"

"မ ပေးတဲ့ ကလစ်တော့ ကြိုက်တယ် ပန်လိုက်မယ်နော် ဒါ သက်သက် ပထမဆုံး ကလစ် ပန်ဖူးတာပဲ့ "

"မ က ကလေး ကို ပထမဆုံး ကလစ်လေး ပေးတဲ့သူ ဖြစ်သွားတာပေါ့ ဟုတ်လား"

"ဟုတ်တယ် ဟီး ပြီးတော့ သက်သက်ရဲ့ ပထမဆုံး "

"ဟင် ဘာပထမဆုံးလည်း ကလေး"

"မဟုတ်တော့ပါဘူး"
သူ့ ဘက်က အနမ်း လို့ ပြောမိမယ့် စကား ကို အတော် လေး ပြန် ထိန်း လိုက် ရသည့် ကြောင့် စိတ်ထဲ နည်းနည်း ရှက်ကိုး ရှက်ကန့် ဖြစ်နေရတော့၏။

"မ တပ်ပေးရမလား"

"ဟုတ်"

ဒေစီပန်းကိုမှ ကျောက်လေးတွေစီ ကာ ပုံ ဖော်ထားတဲ့ကလစ်လှလှ လေးဟာ သက်သက်ရဲ့ ဆံပင်အနက်လေးပေါ်တွင် တောက်ပစွာ ပေါ်လွင် လျက်...

"ဘာလို့ ပေးတာလည်း မ"

"တကယ်က စာမေးပွဲ ဖြေပြီးမှ ပေးမလို့ ရှာဝယ်ထားတာလေ ကလေး ဖြေနိုင်မယ်လို့ မ ယုံလို့"
သူ့အား ယုံကြည်မှုအပြည့် ဖြင့် မျက်လုံး များနဲ့ ကြည့်နေသော မ ကြောင့် စိတ်ထဲ ပို အား တက်သွားရခြင်းပင်...

"i will Never tell"Where stories live. Discover now