(Part-24)

1.6K 122 21
                                    

"မ အိမ်မပြန်ပါနဲ့တော့လား"

ရုတ်တရက် ဆိုလာတဲ့ သက်သက်စကားကိုနွေကြောင်အမ်းစွာ ပြူး ကြည့်မိသည်။ ခေါင်မိုးထပ်ဝရံတာမှာ ရှိသည်မှာ သူ့တို့နှစ်ယောက်ချည်းမဟုတ် အိန္ဒြာနဲ့ ယွန်းပါရှိနေတော့ နွေ ဇဝေဇဝါ ဖြစ်သွားမိတော့သည်။

"နောက်ကျနေပြီလေ မ"

"သာသာ လာကြိုပေးမယ် ထင်ပါရဲ့ ရပါတယ် ကလေး"

"ဟုတ်ကဲ့ပါ မ ဒါပေမယ့် စိတ်မချဘူး အဲမို့ ဖြစ်နိုင်ရင်တော့ ဒီမှာပဲ့ အိပ်စေချင်တာ"

ထိုသို့ အကြောင်းအရာ များကို အစအဆုံး နားထောင်နေသည့် အိန္ဒြာ တစ်ယောက်ထကာ...

"ဆရာမ သမီး လိုက်ပို့ခဲ့မယ်လေ့"

"နေနေ အိန္ဒြာလေး ဆရာမမှာ လာခေါ်မယ့်သူရှိပါတယ်"

"ဟုတ် ဆရာမ"

"အိန္ဒြာ ငါ့ကို ရောလိုက်ပို့ပေးပါ အခု ခေါ်လိုက်တော့ ပြန်ကြတာပေါ့"

"အော် အင်းပါ" ယွန်း ဝင်ပြောသော စကား ကို အိန္ဒြာ မကြိုက်လောက်မှန်း ယွန်း သိသည်။ ကြာလာရင် အိန္ဒြာက ယွန်း အပေါ် တောင် မကျေနပ်သည့် ဒေါသ အစိုင်အခဲများတောင် ကျရောက်လာမည်ကို သိနေ၏။ဒါပေမယ့် ယွန်း သည် သူ့သူငယ်ချင်း သက်သက်ရဲ့ စိတ် က သူ့ဆရာမအပေါ် ဘယ်လို အထိ ခံစား ပြီး ချစ်သလဲ ကို သိသဖြင့် သက်သက် ဘက်ကပဲ့ အမြဲ လိုလို ရှိနေပေးတတ်၏။

"အောက်ထပ် ဆင်းကြရအောင်လေ"

"ဟုတ်ပြီ မိသက် အိန္ဒြာကတော့ ဖုန်းဆက်ထားလိုက်ဦး လာကြိုပေးဖို့"

"အင်း ယွန်း" ဆိုကာ အိန္ဒြာ တစ်ယောက် အရင်ဆင်းသွားတော့၏။ ချစ်ရတဲ့သူက အခြား တစ်ယောက်ကို ငေး ကြည့်နေတာ သူ ကြာကြာ မကြည့်နိုင်။ ဟုတ်ပါသည် သက်သက်တစ်ယောက် အခြား သူနဲ့ စကားပြောနေသည့် တောင် သူ့ရဲ့ မ အပေါ်က နေ ခတ္တမျှတောင် အကြည့်မခွာခြင်းကြောင့်ပေ။ ယွန်းပါ လိုက် ဆင်းသွား သည်နဲ့

"မ ​ဖြေး ဖြေး ဆင်းနော်"

"အင်း ကလေး"

"သီတင်း ကျွတ် လက်ဆောင်လေး မပေး ချင်ဘူးလားဟင် သက်သက် ကို"

"i will Never tell"Where stories live. Discover now