(Part-26)

1.6K 143 15
                                    

ည ရဲ့ လရောင်ထိန်ထိန်နဲ့ ကြယ်လေးတွေ ရဲ့ မှိတ်တုပ်တုပ် အလှက ချစ်ရတဲ့သူကို ပိုလွမ်း စေပါတယ် ။ချစ်တဲ့သူ နဲ့သာဆို ကောင်းတဲ့အရာတွေကို အ​တူမြင်တွေ့ ထိတွေ့ ချင်လောက်တဲ့အထိ အရာရာမျှ ဝေ ချင်ကြတယ်မလား။ တကယ်ချစ်မိသွားတဲ့အခါ အချစ်ဆိုတာ ဒါပါပဲ့ ကောင်းတဲ့အရာမှန်သမျှ ဟာ ကိုယ့်အတွက် ထက် ချစ်ရသောသူနဲ့ ပိုထိုက်တန်တယ် ။ သူ့ ထိတွေ့လိုက်တဲ့ ကောင်းတဲ့အရာလေးက ပိုတင့်တယ် သွားမည် ထင်ရတယ်မလား။ ဒါဟာ ချစ်ခြင်းတစ်ခုတည်းတင်မဟုတ်တဲ့ အချိတ်အဆက်ရှိပြီးသား ချစ်ခြင်းမေတ္တာ ဆိုသည့်အတွဲပါပဲ့။ ထိုအတွဲ ကိုနှလုံးသားတွင် နှစ်ခါ ခံစားစရာမလိုအောင် ​တစ်ယောက်သော သူအတွက် ဖြစ်တည်နေခဲ့ရင် ဒါဟာ စစ်မှန်သောချစ်ခြင်းမေတ္တာမည်၏။

"မ ကို လွမ်းလိုက်တာ" ဝရံတာ ရဲ့ တစ်ဖက်ခြမ်း တွင် ထိုင်ကာ တစ်ယောက်ထဲ ရေရွတ် ပြောဆိုနေသည့်ကောင်မလေး ကတော့ လက်တွင်လည်း ပတ်တီးစ နောက်စေ့ တွင် လည်း ပတ်တီးတို့က နေရာယူထားကြပြန်တော့သည်။

တွေ ဝေခြင်းမရှိ ဘဲ ဖုန်း ကို ယူ ကာ ချက် ချင်း ပင် လှမ်း ဆက်လိုက်သော် လည်း တစ်ဖက် တွင် ဟယ်လို ဟူသော ခပ်သဲ့သဲ့ အသံလေး သာ ကြားရပြီး ထိုနောက် ဖုန်း ချသွားလေ၏။ အိပ်နေတာ ထင်တယ် ဟူ၍ တွေးကာ အားနာသွားရပြန်သည်။ ထိုည တွင် သက်သက်တစ်ယောက် အလုပ်ရှုပ်နေ၏။

စိတ် ညစ်စရာ များစွာ၊ အတွေး ပေါင်းများစွာနဲ့ အိပ်မရ ဖြစ်နေသော နွေ တစ်ယောက် အိပ်ဆေး ကို အား ကိုး ကာ အိပ်ပျော်သွားမိသည်။ သို့သော် ထို ဒဏ်ကြောင့် မနက်ခင်း ကို လန်းဆန်း ခြင်း မရှိ
မှုန်သုန်သုန် ဖြစ်နေရ​၏။
ညက ဖုန်းလာသည့် အဖြစ်အပျက်ကို ​ဝိုးတိုးဝါးတာ သာမှတ်မိသော်လည်း ဖုန်း ကိုင်ခဲ့သည်ကို သတိမထားမိချေ။
ဒီနေ့ တော့ ပျင်းရိစွာဖြင့် ပေကပ် နေမည် ဟု ဆုံးဖြတ်ချက်ချလိုက် ချင်သော်လည်း ဆရာမ တစ်ယောက်က ကျောင်းသားတွေ ထက် ပို တက်ကြွ စွာ နေပြရမည်မလား ဟု ပြန်တွေး ကာ မျက်နှာထသစ်ပြီး ကျောင်းသွားရန် ပြင်ဆင်တော့သည်။

"သာသာ ဒီနေ့ အလုပ်မသွားဘူးလား"

"ငါ့အလုပ် က စောတဲ့အခါ အရမ်းစော နောက်ကျတဲ့အခါ ​ကြိုက်သလောက်နောက်ကျရတယ်ဟေ့ " မီးဖိုချောင်ထဲ မှ မနက်စာ ကို ချက်ပြုတ်နေရင်း လှမ်းအော်တဲ့ သာသာ ကို နွေ မှိုင်ကာ ကြည့်ရင်း

"i will Never tell"Where stories live. Discover now