(Part-4)

2.1K 146 5
                                    

ကျောင်းဆင်း အချိန် နွေလည်း အိန္ဒြာမိုးပြည်ဆိုသည့် ကလေးမ လေး ပြော ထားသည့် အတိုင်း ကျောင်း ဂိတ်အပေါက်ဝမှ ထိုင်ခုံလေးတွင် စောင့်နေ၏...

အတော်အတန်ကြာသောအခါ

"ဆရာမရှင့် စောင့်နေရတာ ကြာသွားလားဟင်"

"ရပါတယ် သမီးရဲ့"ဟု နွေ လည်း ဆိုလိုက် သည်...

ထိုအချိန် တွင် အိန္ဒြာမိုးပြည့် ဆိုသည့် ကလေးမ အနောက်မှ အန်တီမှ ...

"အန်တီက သမီးလေး အမေပါ ဆရာမ"ဟု ဆို လာသော အခါ အိန္ဒြာမိုးပြည့်ဆိုသည့် ကလေးမမှ ဆရာမရှင့် ဒါသမီး မေမေ လို့ ပြောလာသောကြောင့်

နွေမှ ဆွဲ ခြင်းတောင်းလေးကို ဆုပ်ကိုင်ထားကာ "ဟုတ်"လို့သာ ဆိုလိုက်သည်...

"သမီးလေးက ဆရာမနဲ့ စာသင် ချင်လို့တဲ့ ဆရာမ အဆင်ပြေရဲ့လားရှင့် မငြင်းတော့ မငြင်းလိုက်ပါနဲ့နော် ဆရာမရယ် သမီးက ၁၀တန်း ဆိုပေမယ့် သူ့များလို့ ကြိုလည်း မသင်ထားဘူး လူများတဲ့ စာဖတ်ဝိုင်းတွေကိုလည်း မသွားလို့ပါ"

နွေမှာ ပထမဆုံးမို့ လန့်သွားသော်လည်း
အိန္ဒြာမိုးပြည့်လေးကို ကြည့်မိတော့ ထီးလေးကို ထောက်ထား၍ ရပ်ကာ ဝမ်းနည်းနေသည့် ပုံမျိုး ဖြစ်နေသောကြောင့်

"အိန္ဒြာလေး ကို ဆရာမက ကျောင်းလွှတ်ချိန် ကနေ ၆နာရီ ခွဲ ထိ သင်ပေးရင် အဆင်ပြေမလားဟင်"

ထိုအချိန်၌ အိန္ဒြာမိုးပြည့်ဆိုသည့် ကလေးမ မျက်လုံးများမှာ အရောင်တောက်လာကာ

"ရတယ်ရှင့် ဆရာမ တကယ်ရတယ်ရှင့်"သမီး သေချာလေး ကြိုးစားပါ့မယ်ဟု မိခင် ဖြစ်သူ့ကို ပြုံးပြီး ပြောနေလေ၏..

"ဆရာမကို ကျွန်မက ပိုပြီးကျေးဇူးတင်ပါတယ်နော် အပို့အကြို က အစ ကျွန်မတို့ဘက်မှ လုပ်ပေးမှာပါ"

"ဟုတ်ကဲ့ ပါ အန်တီ"

"ဒါဆို သမီးက ဘယ်ရက် စသင်ချင်လည်းဟု နွေကပဲ့ ဆိုလိုက်လေသည်"...

"မနက်ဖြန်ပဲ့ ဆရာမ"ဟု အိန္ဒြာမှာ မှ ရယ်သံ လွင်လွင်ဖြင့်ဆိုတော့ "တက်ကြွ နေလိုက်တာ ငါ့သမီးလေးက အရင်က အဲ့လို မဟုတ်ပါဘူး"ဟု အိန္ဒြာ၏ အမေ ဖြစ်သူ က ဆိုလာ၏...

"i will Never tell"Where stories live. Discover now