(Part-11)

1.7K 122 10
                                    

"ချစ်စရာလေး"

နွေ့ နဘေး အနားလေး တွင် ပုဇွန်တုပ်လေး
လို ကွေးကွေးလေး အိပ်နေသော သူ့ကလေးကို ကြည့်ရင်း တိုးဖျော့သော လေသံ လေး ဖြင့် ရေ ရွတ်လိုက်၏...

နားကြပ် လေး တပ်ကာ အိပ်ပျော် သွားသော ကလေးမလေး ကို အသာလေး ယူဖြုတ်ပေးပြီး ပါး လေး ကို ခပ်ဖွဖွ ​ပွတ် ကာ စောင်ကို ယူပြီး ရင်ဘ​တ်နားလေး အထိ လွမ်း ခြုံပေးလိုက်ပြီး

"Good night ကလေး"ဟု ဆိုကာ နွေလည်း တစ်ဖက်သို့ လှည့်ကာ အိပ်စက် အနား ယူလိုက်၏။

~~~
မနက် ရောက်တော့...

နွေကပဲ့ အရင် အစော ထပြီး ပြင်ဆင် စရာရှိသည်များ ကို လုပ်နေ​၏။

ဖုန်း လာနေသော အသံ ကြောင့် အပြေး သွားကာ...

"ဟုတ် ရောက်ပြီလားရှင့် ၄ထပ် မို့ မတက်လာနဲ့တော့ အန်​တီ ကလေးကို နိုး ပြီး ဆင်း လာခဲ့လိုက်ပါ့မယ်ရှင့်"

"ကောင်းပါပြီ ဆရာမလေး"

တစ်​ဖက်မှ ကလေး အမေ ဆိုလိုက်သောစကားကြောင့် နွေလည်း

"ဟုတ်ကဲ့ရှင်"ပြောပြီး ဖုန်းကို ချလိုက်ကာ အခန်းထဲ သို့ ဦး တည်ပြီး

"ကလေး ထ ထ အောက်မှာကလေး ရဲ့မေမေစောင့် နေပြီ"ဟု ဆိုရင်း ပါးလေးကို အသာလေး ပုတ်ကာ ပြောတော့

"ထ ချင်သေးဘူး အဟင့်"ဆိုကာ စောင် ထဲ တိုး ဝင်နေသော ကလေး ကို နွေ ခတ္တ စိုက်ကြည့် နေမိခြင်း... ထို မှာ ကလေး ရဲ့ အသဲ ယားစရာ ပုံရိပ်လေး ကြောင့် ရင်တွေ တုန်လာခြင်းပင်

"မရဘူး ကလေးရဲ့ ထတော့"ဆိုကာစောင် ကို အသာလေး ဖယ် လိုက်မှ မျက်လုံး အား မပွင့်တပွင့်လေး သာ ဖွင့်သော ကလေး ကို နွေ လက်ချောင်းလေး ဖြင့် နှာခေါင်းလေး အား အသာလေး ထိ လိုက်ပြီး...

"၇နာရီ ထိုးပြီ ကလေးရဲ့ ထ ထ"

"ဟင် ၇နာရီ ရှိပြီလား ဆရာမ"

"ဟုတ်တယ်လေ့ ကလေးရဲ့ " ထိုမှ ကပြာ ကယာ ပြေး ထ သော သူ့ကလေး ကို ကြည့်ရင်း နွေ ရယ်လိုက်ကာ

"အောက်မှာ အန်တီ စောင့်နေပြီ မျက်နှာ မသစ်ဘဲ တက်လိုက်သွားတော့လေ ဟို ရောက်မှ ရေချိုး ရင် ပြီး မြန်လောက်မှာ ကလေး"

"i will Never tell"Where stories live. Discover now