"ဘာလို့ ငိုတာလည်း ဆရာမ"
"ဒါလေးတောင် မသိဘူးလား ကလေးက"နွေ မျက်ရည်ကို လက်ဖြင့် ခပ်ကြမ်းကြမ်းဆွဲပွတ်ပြီး ရန်မူနေလိုက်တော့၏။
"ဘယ်သိမလည်း သက်သက်က"
"ပြောတော့ စိတ်ချင်းဆက်ပါတယ်စို"
"ဒါက ချစ်သူရည်းစားတွေပဲ့ ဖြစ်တာလေ့ ဆရာမ"
"ကလေးပဲ့ အရင်က ပြောပြီးတော့" နွေ ခေါင်း ကို ငုံ့ကာ တိုးဖျော့ဖျော့ ဆိုတော့မှ
"ခေါင်းကိုက် လို့မလား ဆရာမ"
"မသိဘူး ထင်ချင်သလိုထင် " ဆို ကာ နား ကြပ် ကို တပ်ပြီး နွေ ပြန်မှေးနေလိုက်၏။
"ဘာလုပ်တာလည်း" နွေ့ စီမှ တစ်ဖက် ကို ယူဖြုတ်ပြီးအပြင် ကြိုး ကိုပါ ဖြုတ်လိုက် ပြီးနောက် သိမ်း ရန် ခေါက်ပြီး အိတ်ထဲ ထည့် မလို့ ပြင်နေသည့် ကလေး အား နွေ မေး လိုက်တော့သည်။
"ခေါင်း ကိုက်နေရင် မတပ်ထားနဲ့တော့လေ ဆရာမ"
"တပ်မှာပဲ့ ပေး"
"ပြီးရော ဆရာမ သဘောပါပဲ့ " ဆိုကာ လက်ထဲ ထည့်ပေး သည့် ပုံစံလေးက စိတ်ဆိုး သွား သလိုပင်...
"ကလေးကလည်း"
နွေ ခေါ်သည်ကို ဂရုမစိုက် သူ့ ဘာသာ နဘေး ကို မှီ ပြီး ပြန်မှေး နေတော့သည့် ပုံစံ လေး မှာ စိတ်ဆိုးသွားပြီမှန်း သိလိုက်တော့ မခေါ်ရဲ ဖြစ်နေတော့၏။
~~~
သက်သက်လည်း ခဏလေး မှေး ရာမှ ထပြီး မျက်လုံးဖွင့် ပြီး ခိုး ကြည့် ချိန် သူ့နဘေး တွင် ငုံ့အန်နေပြီး မျက်နှာများ နီရဲနေသော သူ့ရဲ့ ဆရာမနွေကြောင့်
"အန်နေတာလားဟင် မ ဘာလို့ မနိုး လိုက်တာလည်း"
သူ့လက်ကိုသာ ကို ပြီး အသက်ကို ဖြေးဖြေး ချင်း ရှုနေသော သူ့ဆရာမနွေကို ကြည့်ပြီး သက်သက် အိပ်ပျော်သွားမိတဲ့ အတွက် စိတ်မကောင်း ဖြစ်နေမိတော့သည်။
"ကလေး က နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလို့ လေ"
"နိုး လို့ရပါရက်နဲ့ ဆရာမကလည်း"
သက်သက် စိတ်ပူသွားသည့်ပုံစံနှင့်စိတ်ဆိုးသည့် အမူအရာဖြင့် ရောပြောလိုက်တော့
YOU ARE READING
"i will Never tell"
Science Fictionဘယ်တော့မှ မပြောဖြစ်လိုက်တဲ့ စကားတွေက တော့ "ချစ်တယ်"ဆိုတာနဲ့ "လမ်းခွဲပြတ်စဲတယ်"ဆိုတဲ့ စကားတွေပါပဲ့....