(Part-10)

1.8K 137 9
                                    

၄ထပ် သို့ရောက်သော်ငြား လည်း မည့်သည့် အခန်း ဆိုသည် ကို မသိသဖြင့် သက်သက်မှာ ယောင် လည်လည် ဖြစ်နေရ၏။ထိုနောက် စကား ပြောရင်း တိုက်ခန်းတစ်ခုမှ ထွက်လာသော သူနှစ်ယောက်ကို သက်သက် မြင်တော့ အနည်းငယ်ပြူးသွားပေမယ့် လည်း ထို နှစ်ယောက်မှာ ပို၍ လန့်နေသော ပုံပေါ်နေသဖြင့် သက်သက်ကပဲ့ စ၍...

"ဆရာမ"

"အင်း" ဟု သာ နွေ ဆိုလိုက်သော်လည်း သက်သက် မျက်နှာကို မကြည့် မျက်လုံးများက ဟိုကြည့် ဒီကြည့်သာ လျှောက်ကစားနေမိ၏။

"ဆရာမ စီလာလည်တာ" ထိုသို့ မထင်မှတ်ထားသည့် စကား မို့ နွေလည်း အံ့သြ သွားရ၏။ ထိုကလေး မှာ နွေ နဲ့ စာမသင်ချင်တဲ့ ပုံမို့ စကား အနည်းငယ် များခဲ့ ကြသည်မလား။

"ဟင်" သူ့ဆရာမ စီက ဒီစကား တစ်လုံးဖြင့် ကြားရသောကြောင့် သက်သက် မှာ ခုန်နေသော ရင်ခုန်သံက နှစ်ဆကို ပိုတိုးလာ၏။ အတွေးထဲ တွင်လည်း လှည့်ပြန်လိုက်ရမလား ဘာလုပ်သင့်လည်း ဘာဆက်ပြောသင့်လည်းပင်...

ထို အခြေအနေ များကို သာသာ ကြည့်ပြီးတစ်ချက်ပြုံးကာ...

"လာလည်တာလား ညီမလေးဆရာမစီ"

"ဟုတ်" မျက်နှာ ညိုးကာဆိုနေတော့ သာသာမှ ပဲ့

"အစ်မ နဲ့ ညီမလေးဆရာမ က စျေးသွားမလို့ မုန့်ဟင်းခါးချက်စားကြမလို့လေ"

"ဟုတ် သွားစရာရှိတယ်စို သက်သက်ပြန်လိုက်ပါမယ်" ထိုစကား ကို နွေ ကြားတော့ နှုတ်ဖျားမှ စကားလုံးများ ထွက်ကျ လာတော့သည်။

"မပြန်ပါနဲ့ အတူ လိုက်ခဲ့ပါလား ကလေး" နွေ့စကားကြောင့် ထက်သာသာမှ ပြုံးပြီး မျက်လုံးလေးကို စွေ ပြကာ...

"ဒီလိုလုပ်ပါလား ညီမလေးနဲ့ နွေ ပဲ့သောလိုက် အစ်မ က အိမ်ကနေ ပြင်စရာရှိတာ လုပ်ထားမယ်လေ"

"ဟင်"
"ဟင်"နွေ စီမှရော ထိုညီမလေး စီကမှ တပြိုင်တည်း ကြားရတော့ "ဆရာ တပည့်က စိတ်ချင်းဆက်နေကြတာပဲ့ သွားလိုက်ပါနော် ဒီလိုဆို မပြေတာလည်း မဟုတ်ပဲကို"ဟု နွေကို ကြည့်ရင်း သာသာ ဆိုတော့မှ...

"အင်းပါ ငါက ပြေပါတယ် သာသာရဲ့ ဟို ကလေးကပဲ့"

"သက်သက်လည်း ပြေတယ် ဆရာမ" နွေစကားကို ပင် ဆုံးအောင်မပြောရသေး နွေထက်ပင် အရင်ဆိုလိုက်ကာ တက်ကြွ စွာ ပြုံးနေသော ကလေးမလေးကြောင့် နွေ ပင် ကြောင်သွားရ၏။သူ့ကို သွေးအေးစွာဖြင့် မလိုသလို လုပ်ခဲ့သည့် ပုံမဟုတ်ဘဲ အပြစ်ကင်းစင် သည့်ပုံဖြင့် ကလေးမကြောင့် နွေ လည်း စိုက်သာ ကြည့်နေမိတော့သည်...

"i will Never tell"Where stories live. Discover now