(Part-8)

1.6K 118 2
                                    

အိမ်ပြန်ရောက်တော့ နွေ လည်း ပင်ပန်းလွန်း သည်မို့ အိပ်ရာထဲ သာ အရင် ပစ်လှဲ လိုက်မိ၏... ခေါင်းတွေ မူးနှောက်နေလိုက်တာ ဟု ညီးညူရင်း

"အိုကွာ ဒီကလေးက မမမေ နဲ့ ဘာလို့ အဲ့လောက်ထိ ရင်းနှီးသွားရတာတုန်း" မသိတော့ဘူး မတွေး နိုင်တော့ဘူး ဆို၍ ဖြစ်ကာ ​ရေချိုးခန်း ထဲ သို့သာ အရင်သွားရ၏

အခြား တစ်ဖက်​တွင် သက်သက်မှာလည်း သူချစ်ရတဲ့သူကို အခြားသူနဲ့ တွဲ မြင်လိုက်ရသည်များကြောင့်

"သမီးလေး နည်းနည်းလောက် စားပါဦး"

"မစား ချင်တော့ပါဘူး မေမေ ဆေး သောက်ပြီးတာနဲ့ အိပ်တော့မယ်"

"အင်းပါ သမီးရဲ့'' ညနေကမှ လန်း နေသည့် သမီးလေးက ထိုသို့ နွမ်းကျသွားသည့် အကြောင်းအရင်းကို ဒေါ်သက်ထားခင် မသိလိုက်
......................

နွေ လည်း ရေချိုးပြီးသည်နောက်​ လျော်ထားသော ဆံပင်ရှည်လေး ကို ခပ်ဖွဖွ သုတ်ရင်း အခန်းထဲမှ ထွက်ကာ

"သာသာ ငါဒီနေ့ ဆေးရုံ သွားတယ် အဲ့က ငါ့တပည့်မလေး ကို သွားကြည့်တာလေ့"

"အင်း အဲတာ ဘာဖြစ်လို့လည်း မသက်သာဘူးလား အဲကလေးက လို့'' ထမင်းစားနေရင်း သာသာက မေးတော့ နွေ လည်း သူအရှေ့ကခုံတွင် ထိုင်လိုက်ကာ

"ငါမတွေ့လာခဲ့ဘူး"

"ဟင် ဆေးရုံအထိ သွား ပြီး မတွေ့လာခဲ့ဘူးလား"

"အင်း သူလေးက အခြား ဆရာမ​တစ်ယောက်နဲ့ စကားပြောရင်း ရယ်နေတာ ငါဂရုမစိုက်လည်း ဖြစ်တော့တာမို့လေ"

"ဘာ ဆိုင် လို့လည်း နွေရယ် နင်က သူ့ဆရာမပဲ့လေ ဂရုမစိုက်ဖို့လိုတာတောင် ဝင်တွေ့ရုံလေးတော့ လုပ်လိုက်ရမှာပေါ့"

"ငါ မသိဘူး သာသာ သူ့မှာ ငါ့ထက် ပိုခင်တွယ်ရတဲ့ သူရှိတယ်လေ အဲမို့ ငါက သူ့ကိုပိုပြီး ဂရုစိုက်ပေး ဖို့ကို သူလည်း မလိုလောက်တော့ဘူး"

"ကလေးဆန်လိုက်တာ နွေရယ် နင်ဆရာမ ဖြစ်နေတာ ဘယ်နှ နှစ်ရှိပြီကိုလည်း တွေးဦး အသက်ဖြင့် ၂၉ပြည့်တော့မှာမလား''

"မသိဘူး သာသာရယ် ကလေးဆန် တယ်ပဲ့ ထားတော့ ဒါပေမယ့် ငါရင်ထဲ တစ်မျိုးကြီးပဲ့"

"i will Never tell"Where stories live. Discover now