(Part-33)

2.6K 207 39
                                    

" ကျေးဇူးပြုပြီး ညာလိုက်ပါ ကလေးရယ် မကို လိမ်ညာပြောလိုက်ပါ" ဟု စိတ်ထဲ က ဒုတိယခါမြောက် ​ပြောချိန် ကျွန်မ ရဲ့ လည်ချောင်းက ခြောက်ကပ်သွားနေပြီ ဖြစ်သလို နားထင်မှ ချွေးတဒီးဒီး ကျနေသည်ကိုလည်း ခံစားရသည်။
ဘုရားရေ ဒေါသမထွက်တတ်တဲ့ ကျွန်မက ယခုဆိုလျှင် ဒေါသဖုံးလွှမ်းလို့ ထိပ်ဆုံးအထိမြှင့်တက်နေတာပဲ့ ။ ထိန်းချုပ်မည်ဆိုကာ သက်ပြင်းတစ်ချက် ချပြီးနောက် ထိုကလေး မျက်နှာ မော့ကြည့်ချိန် တည်တံ့နေသော မျက်နှာထားနဲ့ နှုတ်ခမ်းလွှာပါးပါး စီမှ လှုပ်ခတ်မှုကို မြင်လိုက်ရသည်။
" ဟုတ်ပါတယ် "

ဟုတ်ပါတယ်လို့ ထိုကလေး ပြောလိုက်သည်ကို ကျွန်မနားက သေချာ မကြားလိုက်မိပါ။ စူးခနဲ အူသွားခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ဟုတ်ပါတယ် ဆိုသည့်စကားလုံး ကိုတော့ ကျွန်မသိပ်နားလည်နေလေသည်။ ဘာကြောင့် နားလည်နေရသလဲ မဟုတ်ပါဘူး လို့သာ ကြားယောင် လိုက်ရင် ပိုကောင်းမလား ဟု တွေးမိပြန်သည်။ အရာအားလုံး ကနောက်ကျနေသည်လည်း မဟုတ် မြန်ဆန်နေသည်လည်း မဟုတ် ကျွန်မတစ်ကိုယ်လုံး အငွေ့ပျံတော့မတတ် ဖြစ်နေချိန် စားပွဲ ဝိုင်း မှ ထထွက်သွားသော ထိုကလေး ကြောင့် ပိုဆိုးရချေပြီ။
မျက်လုံးကို မှိတ်ချလိုက်သာ သက်ပြင်း ၅ခါလောက် ချလိုက်သည်။ ထမင်း ပန်းကန်ကို ယူပြီး ကလေးရဲ့ အဒေါ်ဆိုသူ ကို ခေါင်းငုံ့ပြ ကာ အိမ်နောက်ပန်းကန်ဆေးစင်တွင် စိတ်အေးအေး ထား ကာ ဆေးနေလိုက်သည်။ ပန်းကန်စင်ပေါ်အား ထို ပန်းကန်တင်လိုက်သည်နဲ့ " ဟုတ်ပါတယ်" ဆိုတဲ့ ၀န်ခံစကား ကို ပြန်ကြားယောင် လာပြီး တစ်နှစ်ပတ်လုံးမှာ ရူးတမ်းတမ်းပုံစံ ဖြစ်နေသည့် ကျွန်မကိုယ် ကျွန်မ ပြန် မြင်ယောင် လာသည်။ ကျွန်မရဲ့ ဒုတ်ိယအကြိမ် ထွက်လာသည့် ဒေါသ ကိုတော့ ထိန်းမမှီခဲ့ ပါ...
လှည့်ထွက်လိုက်သည့် ကျွန်မခြေလှမ်းနဲ့ စိတ်သည် ထိုကလေးရဲ့ အခန်းစီ ဦးတည်ကာ သွားနေလေသည်။
ဂျက်ချထားမည် ထင်သော်လည်း ဆွဲ လှည့် လိုက်သည်နဲ့ တန်း ပွင့်သွားခြင်းကြောင့် ပူလွန်းနေသည့် ကျွန်မ ကိုယ်မှာအေးစက်သွားရသည်။ အခန်း မီး ထိန်ထိန် ဖွင့် ထား သည်ကြောင့် အရာအားလုံး ရှင်းရှင်း လင်းလင်း မြင်ရသည်။ ရှင်းလင်းနေသည့် သစ်သားစားပွဲ နှင့် ကုလား ထိုင်ကို အရင်မြင်ရသည်။ ကက်ဆစ်ကြီး တစ်လုံး၏ နဘေး တွင် ကျွန်မတို့ ကမ်းခြေသွားတုန်းသည်က အတူ တွဲ ရိုက်ထားသည့် ပုံလေး အပြင် ကလေး ကျွန်မအိမ်ပထမဆုံးရောက်လာသည့်နေ့ က ရိုက်ထားသည့် ပုံလေး ကို မှန်ဘောင်လေး နဲ့ သေချာထား ထားသေး သည်။ ထို အချိန် ထိုအရာများကြောင့်ကျွန်မဒေါသတွေ အလုံးစုံ ပျောက်သွားလေပြီ ဖြစ်၏...
အနီးအနား ကပ်ကာ ပိုတိုး ကြည့်လိုက်သည့်မှ ကျွန်မပေးထားသည့် စာအုပ်လေးနှင့် မာဖလာကိုလည်း သေသေသပ်သပ်ထား ထားသေးသည်။ " ငါလွမ်းသလို ကလေး လည်း လွမ်းနေခဲ့တာပဲ့ ဆိုကာ
၀ရံတာဘက်လေးကို လှမ်းချောင်း ကြည့်ကာ ဖြေးဖြေး ချင်းလျှောက်လှမ်း သွား သည်မှ ရှိုက်သံ သေးသေး လေး ကို ကြားလာရတော့သည်။ ခြေလှမ်း ကို အမြန်လျှောက် ကာ ထို အပြင် သို့ ထွက်လိုက်သည်မှ ကလေးပေါက်စ လေး က ဒူးထောင်၍ ခေါင်း အပ်ကာ ငိုနေခြင်း...
အရင်ကထက် ပိုတည်ငြိမ်သွားတဲ့ ကလေးရယ်ဆိုသော်လည်း ပုခုံး အောက်မျှ သာ ရှိတဲ့ ဆံပင်လေး နဲ့ ပုံစံလေး ကြောင့် ဘယ်လောက်ပင် ရုပ်တည်တည် ကလေး ရုပ်ပေါက်နေလေသည်။
အလို တမြိုက်မြိုက်တောက်လောင်နေတဲ့ ကျွန်မဒေါသ တွေက ပုံလေးတွေကိုတွေ့ လိုက်တာနဲ့ ပြေသွားသည့် အပြင် ဒီကလေး ကိုပါ ပြန်ချော့ရမည်လား ဟု တွေး ကာ ထိုကလေး ရှေ့ ထိုင်ချလိုက်ချိန်၌ ရုတ်တရုက်ခေါင်းထောင်လာခြင်းကြောင့်
" ဘာလို့ ငိုရတာလည်း ကလေးရဲ့ မက ငိုရမှာ မဟုတ်ဘူးလား"
" ဒါ သက်သက်အခန်းပါ ဆရာမ ထွက်ပေး"
" ထွက်ပေးမှာပေါ့ ဘာလို့ငိုရတာလည်း ပြော"
" ဒေါသ ထွက်ပြီး အော်လိုက်တာလေ့ အော်ပြီးပြောလိုက်တာ ဘယ်သူက မငိုဘဲနေ" ထိုကဲ့ သို့ ချစ်စရာ ပုံစံလေး ဖြင့် ပြောပြီး သည်မှ ရပ်လိုက်ပြီးနောက် မျက်ရည်ကို ဆွဲ သုတ်ပစ် လိုက်ကာ
" ဆရာမ ကြောင့် စိတ်ညစ်ရလို့ " ဟု ပြန်ပြော သည့် ပုံစံလေး ကိုလည်း ကျွန်မမှာ ချစ်ရပြန်သည်။
" ဟုတ်လို့လားကွယ် တို့ကို ကြိတ်လွမ်းနေပြီးတော့"
အနည်းငယ် ပြူး ကျယ်ကာ ၀ိုင်းစက်လာသော မျက်လုံး ကို မြင်လိုက်ရသည်နဲ့ ချက်ချင်းဆိုသလို ရင်အေး ကျသွားလေသည်။
ထိုပြီး သည်မှ ၀ရံတာမှ ထထွက် ကာ ဓာတ်ပုံ ဘောင်ကို အံ့ဆွဲ ထဲ အမြန်ထိုးထည့်နေသည့် ထိုကလေးကို ကျွန်မပြုံးပြလိုက်ကာ...
" အကုန်မြင်ပြီးပါပြီ" ဟု ပြောရင်း ထပ်မံ​ပြုံးပြလိုက်သည့်အချိန် တစ်ခုခု ကို တွေးမိသွားတော့သည်။ ထိုလက်ဆောင်များမှာ ၅ဘာသာ ဂုဏ်ထူး ထွက်သဖြင့် ပေးခဲ့သည့်လက်ဆောင်ပင်မလား ...
ကလေးနဲ့ ရွယ်တူသူငယ်ချင်းများ ဖြစ်ကြသည့် ယွန်းကလေးနဲ့ အိန္ဒြာလေး က စာမေးပွဲ မပြီးသေးသဖြင့် မလိုက်ခဲ့ရခြင်း။ ထိုကလေး နှစ်ယောက် ဘယ်လောက်ထိ သူတို့သူငယ်ချင်းသက်သက်ကို တွေ့ ချင်နေသည်ကို ကျွန်မက အသိဆုံးပင်။
ဒီကလေးနှစ်ယောက်က ပထမနှစ် ပြီးဆုံးရန် ဖြေဆိုနေကြသည့်အချိန် ကျွန်မရဲ့ ကလေး က အလုပ်တွေ လုပ်ပြီး သည်နဲ့ အားနေခြင်း အပြင် စားပွဲ ခုံ၌ စာရွက်စာတမ်းနဲ့ စာအုပ်များ မရှိနေခြင်းကြောင့်
"ကလေး ဘယ်တက္ကသိုလ်မှာတက်နေလည်းဟင်"
ဆံပင်ကို နားအနောက်ကြားသွင်း လိုက်ပြီး သည်နဲ့ တည်ငြိမ်တဲ့ မျက်နှာထား ဖြင့် ဒီကလေးက ဆိုလေသည်။
"ကျောင်း မတက်ဘူး"
" ဘာ" ဆရာမတစ်ယောက်ဖြစ်သည့်သူအပြင် ထိုကလေးကို စာသင်ပေးခဲ့ သည့်ကျွန်မက ထိုစကား ကြား သည်နဲ့ တစ်စစ ဒေါသ က ပြန်ထွက်လာလေသည်။ နေရင်းထိုင်ရင်း ပင် သူများထက်တစ်နှစ်နောက်ကျလေပြီ အပြင် ၅ဘာသာကြီးများ ထွက်လျက်နဲ့ ပို မကြိုးစားပါပဲ ယခုလို နေနေသည်က မဟုတ်သေးဘူးမလား...
" အရွဲ့ တိုက်မယ်ဆိုလည်း တော်ရုံပဲ့ လုပ်ပါကွယ် နည်းနည်းမှ ရင့်ကျက်တဲ့ပုံ မပေါက်နေဘူး သိလား"
ဒေါသထွက်နေသည့်အချိန် ဆိတ်ဆိတ်နေခြင်းက ပို သင့်လျော်သည်ဟု လူကြီးတွေ ပြောကြသည်မှာ အဟုတ်။ ကျွန်မဒေါသနှင့် ကျွန်မ ၏ မထိန်းနိုင်သည့်စိတ်က ရောယှက်သွား ကာ ထိုသို့ ကလေး ကို ပြောဆို ပစ်မိခြင်း။
"အတန်းပညာနဲ့ ကိုယ်ရေးကိုယ်တာက လုံး၀ရောလို့ ရတဲ့ အရာမဟုတ်ဘူးဆိုတာ သိသင့်တယ်နော် ဒါကစားစရာမဟုတ်ဘူး" ကျွန်မပြောလိုက်သည့် စကား တစ်လုံး ချင်းစီ ကို သေချာ နားထောင်နေ ရင်း နဲ့ မျက်ရည် တပေါက်ပေါက်ကျနေသော ထိုကလေး ကို ဒီတစ်ခေါက်၌ ကျွန်မ မချော့ခဲ့ပေ။ သိပ်ချစ်ရသည့် သူ ငိုကြွေး နေသည်ကို ကျောခိုင်းလိုက်ကာ တံခါးပေါက်ကို ဆွဲ ဖွင့်၍ အပြင်ကို ထွက်ချိန် အခန်း၏ မလှမ်းမကမ်းနေရာ၌ ရပ်နေသော ကလေး အဒေါ်ကို တွေ့ သည်မှ ကျယ်လောင်သည့် အသံ ဖြင့် ပြောမ်ိသည်ကို အနည်းငယ်အားနာသွားရသည်။ သူများ အိမ် ၏ဧည့်သည်ဖြစ်နေသည်ကို ဆူညံမိလေ ခြင်းဟု များစွာ မျက်နှာ ပူသွားရတော့သည်။

"i will Never tell"Where stories live. Discover now