(Part-29)

2.3K 155 27
                                    

"မလုပ်နိုင်ဘူး" ဟု သာ ထပ်ခါ တလဲလဲ စိတ်ထဲ က အော်ဟစ် ပြောဆိုနေသော်လည်း တကယ်တမ်းကျ တိတ်ဆိတ်နေခြင်း က ထောက်ခံ နေသလို ဖြစ်မိနေတဲ့ အခါ ထုတ် ဟ မပြောနိုင်တဲ့အတွက် ကိုယ်ဘာကို မုန်း မိတာ က လွဲ ဘာမှ မတတ်နိုင်ခဲ့ချေ။ ခွဲ ခွာ ခြင်း ကို မတွေး ရဲ ခဲ့တဲ့ အတွက် ဒီ လို ဖြစ်လာ မယ် ဆိို တာ သိပါရက် နဲ့ အချို့သော သူတွေ ကတော့ နား လည်စာနာပေးမည် ကို ယုံကြည်ခဲ့သည်။ ကြား လာရမည့် စကား တွေ ပဲ့ ဆိုသော် လည်း တကယ်တမ်း နားထောင်ရတဲ့ အခါ အသိစိတ်တွေ လွတ်သွား ချင်တဲ့ အထိ ထို စကား တွေ ဟာ ခါး သက်နေပါတယ်။ မှန်ပါသည် ဟု လည်း မပြောနိုင် မှား ပါသည်ဟု လည်း မငြင်းဆို နိုင်တဲ့ အခါ ဒီ အချစ်အတွက် သိမ်ငယ် ရခြင်း ကို ပထမဆုံး ခံစား မိလိုက်သည်။ တစ်ဖက် ကလေး ရဲ့ အချစ်ကြောင့် မဟုတ်ဘဲ သတ္တိရဲ စွာ မပြောနိုင် မတည်ရှိနိုင်တဲ့ သူ့အချစ်အတွက် သူ ဒီတစ်ခါ တော့ နွေ သိမ်ငယ်ခြင်း ကို ခံစား နေရတော့သည်။

" နွေ ညီမလေး မမ ပြောတာ နားလည်တယ် ဟုတ်"
မကြည့်နိုင်သော မျက်နှာ ကို နွေ မကြည့်ရဲ။ ခေါင်း ကို သာငုံ့ထား မိသည်။ အသံ ကို နား စွင့် မိနေသောကြောင့် ထိုစကား ကို သေချာ နားထောင်လိုက်ရသည်။
သို့ သော် တစ်ခွန်း မျှ ပြန်မဖြေခဲ့...

မမမေ ရဲ့ စကား တွေ က ရင်၀ ကို ဆောင့် ထိုး နေသည့် ဓား နဲ့ တူ သည်။ ဆွဲ ထုတ် ပြန်သော် လည်း နာကျင်မှု ကို ထပ်မံ ခံစား ရဦး မည် ဖြစ် သည်။ သူ့ ကို မမမေ ကျော ခိုင်း သွား သည်နက် တစ်ပြိုက်နက် ကျ လာ သည့် မျက်ရည် က အရှုံးပေး သလို ခံစား နေရသဖြင့် ပို လို့ ကို သူ့ကိုသူ မုန်းနေမိသည်။ ထို နေရာ တွင် မျက်ရည် စက်လက် ဖြင့် ရပ်နေရတဲ့ နွေ က သနား စရာ ပင်။ ဘယ်သူ့မှ မရှိနေတဲ့ ရပ်၀န်းငယ်က ထို ကလေး နဲ့ အမှတ်တရ နေရာ မလိူ့ တဆွေ့ဆွေ့ နဲ့ လွမ်း နေမိသည်။ အရာ အားလုံး က သူ့ ဆုံး ဖြတ်ချက်နဲ့ သာ ဆိုင်သည် ဟု တထစ်ချ တွေး ရင်း ကိုယ်ရေး ကိုယ်တာ အကြောင်း ကို ရင်ထဲ သာ သိမ်း ထား လိုက်ပြီး သူ့ လုပ်ရန် ကျန်နေသေး သည့်အလုပ် စီသို့ သာ စိတ်ကို ပြန်ဦး တည်ရသည်။

နေ့ လယ် တစ်နပ် လုံး စားမ၀င် ခဲ့ပေ။ ပျောက်ခြင်းမလှ ပျောက်သွား ပြီး အရိပ်အယောင်တောင် မတွေ့ သည့် မမမေ ကြောင့် နွေ အနည်း ငယ် နေ ရပြေ သည်။ မဟုတ် ရင် နေ ရခက်နေသည်မှာ သူ့ကိုယ်သူ အသိဆုံးပင်။ မဆုံ ချင်လည်း တွေ့ နေရမည့် သူ့မလို့ နွေ့ မှာ တွေး ရင်း စိတ်ညစ် ရသည်ပင်။

"i will Never tell"Where stories live. Discover now