Prologue

3.7K 113 3
                                    

  "ကျဲကျဲ ထလို့ပြောနေတယ်လေ။ထလို့။ပြောတော့ ဖေးကိုတစ်ယောက်ထဲမထားခဲ့ဘူးဆို၊ထလို့။ဒါအမိန့်ပါဆိုနေ။ထလို့ ....ကျဲကျဲ"ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက်က ၁၂နှစ်အရွယ်သေနတ်ဒဏ်ရာရနေတဲ့ သူ့ကျဲကျဲကိုဖက်ပြီး ငိုရင်း ဒေါသတကြီးလှမ်းပြောနေတယ်။

"ကျဲကျဲ ခဏဘဲအိပ်မှာပါကလေးရယ်။ခဏဘဲအိပ်ပြီးထမှာပါ။ခဏဘဲအနားယူမှာလေ။တစ်ကယ်ခဏလေးဘဲ။"ကျဲကျဲက သူ့မျက်နှာပေါ်မျက်ရည်မိုးတွေရွာနေတဲ့ ကလေးမလေးရဲ့မျက်နှာကို ဖွဖွလေးကိုင်ရင်း အားယူပြောလိုက်တယ်။

"အကုန်လုံးက ဖေးကိုလိမ်တယ်။မေမေကော ကျဲကျဲကော ဖေးချစ်တဲ့သူတွေအားလုံး ဖေးကိုလိမ်တယ်။"

"ကျဲ ဖေးကိုမလိမ်ပါဘူး။အိပ်ပြီးပြန်ထလာမှာ။အခုကခဏဘဲအနားယူမှာပါ။"လို့ ဖွဖွလေးပြောကာ ဖေးမျက်နှာကိုကိုင်ထားတဲ့လက်တွေက အောက်ကိုပြုတ်ကျသွားတယ်။ကျဲကျဲတစ်ကိုယ်လုံးအအေးဓာတ်တွေတဖြည်းဖြည်းဖုံးလွှမ်းလာတာတာကိုဖေးသတိထားမိတယ်။

"ကျဲ.........ကျဲ"

"သွားမယ်။သခင်မလေး။မဟုတ်ရင် သခင်မလေးအသက်ခံရလိမ့်မယ်။"လို့ လူကြီးတစ်ယောက်ကပြောရင်းပင် ဖေးကို ပုခုံးပေါ်တင်ပြီး ပြေးသွားတော့သည်။

"ကျဲကိုကယ်ပေး။ကျဲ...ကျဲ"

"စိတ်မပူပါနဲ့သခင်မလေး။ဆေးရုံကားရောက်လာပြီ။သခင်မလေးသာလွတ်အောင်ပြေးမှရမှာပါ။ကျွန်တော် သခင်မလေးကိုကာကွယ်မယ်လို့ သခင်မကြီးကိုကတိပေးခဲ့ပါတယ်"

"အောက်ချပေး။ကျဲကိုသွားကြည့်ဦးမှာ။"

၅နှစ်အရွယ်ကလေးမတစ်ယောက်က လူကြီးတစ်ယောက်လက်ကိုမည်သို့မျှမရုန်းနိုင်။သွေးတွေထွက်နေတဲ့ကျဲကျဲကိုမကူညီနိုင်တော့ပေ။အတွေးထဲမှာဒါတွေအားလုံး ငါ့ကြောင့်။ငါမိန်းကလေးအဖြစ်မွေးလာလို့။ငါ အရမ်းပျော့နေလို့။ငါအသုံးမကျလို့။ကျဲကျဲစောင့်နေပေးနော်။ဖေးပြန်ရအောင်လာရှာမယ်။

365 မှတည်သော မေတ္တာတရားWhere stories live. Discover now