Part(2)

1.2K 84 0
                                    

"Bodyguard အလုပ်လာလျှောက်တာပါ။"ဖေးခတိန်က ကောင်တာမှာထိုင်နေတဲ့ကောင်မလေးကို မှတ်ပုံတင်ပေးပြီးပြောလိုက်တယ်။ကောင်မလေးက သူမကိုမော့ကြည့်ပြီး မျက်လုံထဲမှာအရောင်တွေလက်သွားတာကို သူမမြင်လိုက်ရပါတယ်။မှတ်ပုံတင်ကြည့်လိုက်ပြီး သူမကို "ကောင်ချောလေး တည့်တည့်သွားပြီး ညာဘက်ကွေ့လိုက်။အဲ့မှာ လာဖြေတဲ့လူတွေကိုအများကြီး တွေ့ရလိမ့်မယ်။"

"အော်ဟုတ်ကျေးဇူးပါ။"လို့မှတ်ပုံတင်ကိုပြန်ယူပြီးထွက်လာခဲ့တယ်။ကောင်မလေးကတော့ သူ့ဘေးကကောင်မလေးကို "ကောင်မရေချောလိုက်တာဟယ်။သူသာ အလုပ်ဝင်ရရင်ငါမရရအောင်လိုက်ဦးမယ်။"
"နာမည်ကဘာတဲ့လဲ။နင်မှတ်ပုံတင်ကြည့်လိုက်ရတယ်မလား။အဲ့လောက်ချောတဲ့ယောက်ျားလေး ငါမမြင်ဖူးဘူး။"

"စစ်ခွန်သာတဲ့။တရုတ်မြန်မာ။"

"အမယ်။ဒါမျိုးကျမှတ်မိလှချည်လား။"

"ချောတာကိုဟ"

ဖေးခတိန်သည်ကမ္ဘာ့အဆင့်မှီလူသတ်သမားဖြစ်လို့နားပါးလွန်းတာကြောင့်သူတို့ပြောတာကို ကြားရသည်။အင်တာဗျူးဖြေမယ့်အခန်းသို့သွားရာလှမ်းတွင် ကောင်မလေးတွေကောကောင်လေးတွေပါ သူမကိုဝိုင်းကြည့်နေတာ တွေ့ရသည်။သူမကိုမကြည့်လျှင် ရူးရာကျမည်။ဖေးခတိန်တစ်ယောက် ယောက်ျားပုံစံအတွက်မနက်အစောကြီးထပြီး ပြင်ဆင်ခဲ့ရသည်။ရင်ကိုစည်းပြီး ယောက်ျားလေးဆံပင်ပုံစံအတုတပ်ရသည်။အမဲရောင်လက်တိုအင်္ကျီပွပွကိုဝတ်ပြီး ဂျာကင်ကုတ်အဖြူရောင်ထပ်လိုက်တဲ့အတွက်ယောက်ျားလေးနဲ့ပိုတူသွားသည်။အရပ်အမောင်းကတော့ ၅ပေ ၈ လက်မနဲ့ ဘွတ်ဖိနပ်အဖြူက၂လက်မထူတဲ့အမြင့်ရှိတဲ့အတွက် မိန်းကလေးလို့ထင်စရာအကြောင်းတစ်စက်မှမရှိ။လည်ပင်းမှာ အရင်တုန်းကဝယ်ထားတဲ့ တက်တူးအတုကိုကပ်လိုက်တဲ့အတွက် မသိသူပင်ယောက်ျားလေးပင်ထင်မည်။မနေ့ကတည်းက ဖူတိုကို ခြိမ်းခြောက်ပြီးမှတ်ပုံတင်အသစ် မနက်ချက်ချင်းရအောင်လုပ်ခိုင်းထားသည်။အသံအတွက်တော့ စိတ်ပူစရာမလို။ငယ်ငယ်တုန်းက အဆိပ်ကျွေးခံရတာများ၍ အသံအိုးချို့ယွင်းကာ မိန်းကလေးအသံတစ်ဝက် ယောကျာ်းလေးအသံတစ်ဝက်ဖြစ်သွားပြီး နှစ်မျိုးစလုံး အသုံးပြုနိုင်သည်။အသံအိုးပျက်စီးသွားတဲ့ကောင်းကျိုးကတော့ သူမသားကောင်တွေလွယ်လွယ်နဲ့သတ်နိုင်ခဲ့တာဘဲ။ဌာနချုပ်ကအထွက်ကောင်မလေးတွေကတစ်ခါမှမမြင်ဖူးတဲ့အလား သူမကိုစိုက်ကြည့်နေတော့သည်။နောက်ကျမှ ဖေးခတိန်ရဲ့ လက်ပေါ်ကအမာရွတ်ကိုသတိထားမိကာ ချက်ချင်းမျက်နှာလွဲပြီး ကိုယ်ကိုင်းကာ ကြည့်မိသည့်အတွက်တောင်းပန်ကြောင်းပြောကြသည်။

365 မှတည်သော မေတ္တာတရားWhere stories live. Discover now