Part(11)

866 74 4
                                    

"စစ်ခွန်သာ ဒီdark chocolate cake အရမ်းစားလို့ကောင်းတယ်။စားကြည့်ကြည့်။ခုနက ငါတောင်စားပြီးပြီ။"လောဝ်လွန်က ဖေးစားနေတဲ့စားပွဲဆီကို Dark chocolate ကို ထူးဆန်းစွာပင်သူမကိုယ်တိုင်လာချပေးနေခဲ့တယ်။ခုနကတည်းက ဖေးထိုင်နေတဲ့စားပွဲခုံဆီ လှပကျော့ရှင်းတဲ့မိန်းကလေးအများစုက အခုလောဝ်လွန်ယူလာပေးတဲ့ ချောကလက်cake လာချပေးပေမဲ့လည်း သူမသူတို့ကိုတောင်ပြန်ယူသွားမို့ခပ်မာမာပြောခဲ့သည်။သူမငြင်းချင်ပေမဲ့ လောဝ်လွန်ရဲ့မျက်လုံးထဲမှာ သူမကိုစားချင်စေတဲ့သဘောတွေ့တဲ့အတွက် သူမလောဝ်လွန်ရှေ့မှာပင်တစ်ဇွန်း၊နှစ်ဇွန်းသာစားပြီးထပ်မစားတော့ပေ။လောဝ်လွန်ကဖေးရဲ့အပြုအမူမြင်တော့ ဖေးကချောကလက်မကြိုက်ဘူးထင်ပြီး

"စစ်ခွန်သာ၊ချောကလက်ကိတ်မကြိုက်ဘူးလား။ငါကမင်းကြိုက်တယ်ထင်လို့။ဒီနေ့လည်က မင်းကုမ္ပဏီအောက်က 24 hours စတိုးမှာချောကလက်ချောင်းဝယ်ဖို့ချီတုံချတုံဖြစ်နေတာတွေ့လို့"

"မဟုတ်ပါဘူး။ကျွန်တော်စားထားတာလည်းကြည့်ပါဦး။ဥက္ကဌ"

လောဝ်လွန်စားပွဲပေါ်ကြည့်လိုက်တော့ ထမင်းကြော် သုံးပန်းကန်တောင်စားထားပြီးပြီ။

"ပြီးတော့ ကျွန်တော်ချောကလက်မကြိုက်ဘူး။..."
ဒီစကားက ဖေးရဲ့ပါးစပ်ထဲကနေခက်ခက်ခဲခဲထွက်လာခဲ့တယ်။တကယ်တော့ ဖေးကချောကလက်အရမ်းကြိုက်ပါတယ်။ချောကလက်ကသူမငယ်စဉ်ကသူမတန်ဖိုးထားရတဲ့ယခုအခါမဆုံစည်းနိုင်တော့မယ့်လူတစ်ယောက်အကြောင်းကိုပြန်သတိရစေသည်။ထို့အပြင်ဖေးငယ်ငယ်ကတည်းကပင် သူမအမေက "ဖေးရေ သမီးတစ်စုံတစ်ခုကိုအရမ်းကြိုက်လို့မဖြစ်ဘူး။အဲ့တာကသမီးရဲ့အားနည်းချက်ဖြစ်လာပြီး သမီးကိုမကျေနပ်တဲ့သူတွေအတွက်အခွင့်အရေးကောင်းဖြစ်သွားလိမ့်မယ်။မေမေ့သမီးကို မေမေ့လိုဒုက္ခတွေနဲ့မမြင်ချင်ဘူး။"လို့သူတို့နှစ်ယောက် လေသာဆောင်မှာကြယ်တွေကိုအတူတူထိုင်ကြည့်နေစဉ်ကပြောခဲ့တယ်။ဖေးငယ်ငယ်က သူမအမေကိုပြန်မြင်ယောင်ပြီး လောဝ်လွန်ကစစ်ခွန်သာလို့ခေါ်မှပင် အတွေးအိမ်ပျက်ကာလက်ရှိအချိန်သို့ပြန်ရောက်လာတော့သည်။

365 မှတည်သော မေတ္တာတရားWhere stories live. Discover now