Part(14)(⚠️စာသားများသည် အသက်ဆယ့်ငါးနှစ်အောက်ကလေးများအတွက်မသင့်တော်ပေ။)⚠️

3.1K 105 12
                                    

"ခွမ်း!!!"
အနီရောင်တောက်တောက်နဲ့အလယ်တွင် အဖြူရောင်ရေလှိုင်းနှစ်ထပ်သင်္ကေတပါတဲ့ပန်းအိုးတစ်လုံးကရွှေရောင်ရှိတဲ့ကြမ်းပြင်ကိုထိပြီး  တစ်စစီပျက်စီးသွားတော့တယ်။တိုင်လုံးတွေမှာ စိန်ရွှေရတနာစီခြယ်ထားသော ခန်းမတွင် ကြာပွတ်ရိုက်သံမှားထွက်ပေါ်လာလေသည်။

ဆံပင်အဝါရောင်ဆိုးထားပြီး ဗလတောင့်တောင့်၊အနောက်တိုင်းစတိုင်လ်ဝတ်ထားတဲ့လူကြီးတစ်ယောက်က ကြမ်းပြင်ပေါ်ဒူးထောက်ထားတဲ့လူကြမ်းသုံးယောက်ကို "မင်းတို့ အားလုံးခွေးလောက်တောင် သောက်သုံးကိုမကျဘူး။မိန်းကလေးတစ်ယောက်ကိုတောင်မခေါ်လာနိုင်ဘူး။မင်းတို့က မြေအောက်စခန်းသွားရမှ တာဝန်ကိုပြီးအောင်လုပ်နိုင်မယ့်ပုံဘဲ ခွေးသားတွေ။"ဆိုပြီး အော်ဟစ်ကြိမ်းမောင်းကာ ကြာပွတ်ဖြင့်တဖြောင်းဖြောင်းရိုက်နေတော့သည်။ထို့နောက်ကြာပွတ်ဖြင့်ရိုက်ရတာ အားမရတဲ့အတွက် ထိုလူကြီးက လူကြမ်းကြီးရဲ့အင်္ကျီကော်လံကိုဆွဲလိုက်ပြီး ထိုးဖို့ထပ်ပြပြင်လိုက်တော့ သူရဲ့အနောက််မှာရှိတဲ့ရွှေချည်မျှင်များကပ်ထားသောပါးလွှာတဲ့အနီရောင်ပိုးထည်လိုက်ကာနောက်မှ

"လုံလောက်ပြီဘရက်ရေ။သူတို့ကိုသေအောင်မလုပ်နဲ့ ။ထပ်သုံးဖို့လိုသေးတယ်။ကောင်မလေးကိုအခုချက်ချင်းမရသေးလည်း အဲ့လောက်အရေးမကြီးဘူး။"ဆွဲဆောင်မှုရှိလှသောနူးညံ့တဲ့အသံတစ်စုံက ဘရက်ကိုတားလိုက်လေသည်။အနီရောင်လိုက်ကာကာထားသော်လည်း မီးရောင်ကြောင့်သူမဆေးလိပ်သောက်နေတဲ့အရိပ်မဲမဲလေးကိုမြင်နေရသည်။ဆံပင်အမြင့်စည်းထားပြီး ကုတင်ပေါ်မှာရှိတဲ့တရုတ်ရိုးရာထောင့်မှန်စတုဂံပုံခေါင်းအုံးပေါ်လက်တဖက်တင်ထားပြီးတစောင်းထိုင်နေလေသည်။ဆေးလိပ်ငွေ့များကို ပါးစပ်ကမှုတ်ထုတ်လိုက်ပြီး

"ဘရက်ကျွန်မဆီလာပါဦး။ကျွန်မကိုပျော်အောင်လုပ်ပေးပါဦး။ကျွန်မသူတို့ကိုကြည့်နေရတာပျင်းလာပြီ။ရှင်ကျွန်မကိုအဖော်ပြုပေး။"ဘရက်လည်းချက်ချင်းလူကြမ်းတွေကိုရိုက်နေရာမှ ထိုမိန်းကလေးဆီလျှောက်လာပြီး သူမရဲ့ခန်းဆီးရှေ့တွင် ရပ်လိုက်လေသည်။ခန်းဆီးနောက်မှ မိန်းမလှလေးက အတည့်ပြန်ထိုင်လိုက်ပြီးသူမရဲ့ညိုဝင်းနူးညံ့လှတဲ့ခြေတစ်ဖက်ကို ခန်းဆီးအပြင်ထုတ်ပေးလိုက်တော့ ဘရက်ကသူရဲ့ အကြောတွေထောင်နေသောလက်နဲ့ သူမရဲ့သေးသွယ်လှသေးခြေထောက်ကို ပွတ်သပ်လိုက်လေသည်။ထို့နောက် ခြေထောက်ကိုငုံ့နမ်းလိုက်ပြီး သူရဲ့မျက်နှာနဲ့ကပ်လိုက်လေသည်။

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: Jun 10, 2022 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

365 မှတည်သော မေတ္တာတရားKde žijí příběhy. Začni objevovat