Part (9)

895 72 2
                                    

  "လောဝ်လွန်ဆိုတဲ့ကောင်မ ဒီနေ့တော်တော်ရဲတင်းနေတယ်ပေါ့။အားကိုးစရာရှိတော့။"ဒေါ်ဆောင်းဟေသီက သူမလက်ထဲကယပ်တောင်ကို ဆိုဖာပေါ်သို့ ဒေါသပါပါဖြင့် ပစ်တင်လိုက်ပြီး ထိုင်လိုက်ပါတော့တယ်။ "သခင်မလေးလွန် အရင်နဲ့သိပ်မတူတော့တာမျိုးတော့သတိထားမိတယ်။ဘယ်သူ့ကိုမှမပေးဝတ်တဲ့သူမအင်္ကျီကို သူမရဲ့ bodyguard ကိုပေးလိုက်တယ်လို့ကျွန်မသတင်းရတယ်သခင်မကြီး။"လို့စင်သီက လက်ဖက်ရည်ခွက်ကိုချပေးလိုက်ရင်း စဉ်းစားနေတဲ့လေသံဖြင့်ပြောလိုက်တယ်။ဒေါ်ဆောင်းဟေသီကလက်ဖက်ရည်ကိုနွေးသွားအောင်မှုတ်ရင်း  "ငါသူ့အဖေကိုတောင်မနည်းသတ်ခဲ့ရတာ။နင့်ဦးလေးက အဲ့သူတောင်းစားမလေးကိုပြန်ခေါ်လာတယ်။" နင့်ဦးလေးဆိုတဲ့စကားကြောင့်စင်သီကမျက်လွှာချထားရာမှမော့ကြည့်လိုက်ပြီး ဒေါ်ဆောင်းဟေသီကိုမသိမသာ မျက်လုံးဝှေ့ပြီးကြည့်လိုက်တယ်။ဒေါ်ဆောင်းဟေသီက မှန်ပြတင်းပေါက်ကတစ်ဆင့် အပြင်မှာစိုက်ထားတဲ့ Camellia ပန်းတွေကို မျှော်ကြည့်လိုက်ပြီး

"လောဝ်ဆုမ်ကော အခြေအနေဘယ်လိုလဲ။ငါပေးတဲ့ဆေးတွေကိုနင်သူ့ကိုမှန်မှန်တိုက်ရဲ့လား။"

"တိုက်ပါတယ်။သခင်မကြီး။"

"ငါတို့ခက်ခက်ခဲခဲဒီနေရာရအောင်လုပ်လာရတာ။အဲ့ညီမနှစ်ယောက်ငါတို့အကြံတွေကိုဖျက်ဆီးပစ်လိုက်လို့မဖြစ်ဘူး။"

"စင်သီသဘောပေါက်ပါပြီ သခင်မကြီး။"ဒေါ်ဆောင်းဟေသီက စင်သီကိုစိုက်ကြည့်ရာမှတစ်ဆင့် Camellia ပန်းဆီကိုနောက်တစ်ခါလှည့်ကြည့်ကာ အစ်မသာရှိရင်ညီမ အစ်မရဲ့ဆွေမျိုးတွေကိုဖျက်ဆီးနေတာတွေ့ရင်ဘာပုံစံဖြစ်နေမလဲဟင် ဆိုတဲ့အတွေးနဲ့ကျေနပ်တဲ့အပြုံးတစ်ခုပြုံးလိုက်တယ်။

"သခင်မလေး။စင်သီပါ။မနက်စာလာပို့တာပါ။"ဆိုပြီး စင်သီက တံခါးအပြင်ဘက်မှနေ၍ အော်ပြောလိုက်လေသည်။

"ဝင်လာခဲ့"လို့အသံထွက်ပေါ်လာမှ စင်သီလည်း လက်ဖက်ရည်ထဲကို ဒေါ်ဆောင်းဟေသီပေးသောဆေးမှုန့်ထည့်လိုက်ပြီး တံခါးဖွင့်ကာ အခန်းတွင်းသို့ဝင်သွားတော့တယ်။အခန်းထဲမှာလောဝ်ဆုမ်ကညဝတ်အင်င်္ကျီအဝါဖျော့ကိုဝတ်ထားကာ မှန်တင်ခုံမှာအလှပြင်နေလေသည်။လောဝ်ဆုမ်က လောဝ်လွန်လောက် လွှမ်းမိုးနိုင်တဲ့အလှမရှိပေမဲ့လည်း သူမအလှက ထိုက်သင့်သလောက်ကျက်သရေရှိလှပါတယ်။

365 မှတည်သော မေတ္တာတရားWhere stories live. Discover now