Part(4)

1K 74 1
                                    

ဖေးကရှောင်ထွက်ပေးလိုက်တယ်။သူမလူ့ကျင့်ဝတ်
တွေကိုသိပ်မသိပေမဲ့လည်းဒီလောက်တော့ သူမနားလည်ပါတယ်။လောဝ်လွန်က ကျေးဇူးတင်ကြောင်း လက်အမူအရာနဲ့ပြလိုက်ပြီး ဖုန်းဆက်ပြောလိုက်သည်။

"Babe မင်းမြင်ခဲ့တဲ့ဓာတ်ပုံတွေအားလုံးက အတုတွေ။သူနဲ့ကို ရိုးရိုးသားသားစကားပြောတာ။"

"မိန်းရဲသစ်၊ရှင် သူမရဲ့ လက်ကိုကိုင်ပြီး ကဖေးမှာဖျော်ရည်တစ်ခွက်ထဲပိုက်နှစ်ချောင်းနဲ့တူတူသောက်နေတာရိုးရိုးသားသားပေါ့။ပြီးတော့ kiss တာကရိုးရိုးသားသားပေါ့။"

"Baby အဲ့တာက ..."

"ရှင်ရှင်းပြစရာမလိုတော့ဘူး။ကျွန်မလည်း ရှင်နဲ့ပြတ်ပြီ။ကျွန်မရှင့်ကိုယုံကြည်လို့ လွတ်ထားပေးတာကို ဒီလိုအလွဲသုံးစားလုပ်ကတည်းက ရှင်ကကျွန်မရည်းစားဖြစ်ဖို့မထိုက်တန်ဘူးဆိုတာ သိလိုက်တယ်။"

"ကိုကို၊ဘယ်သူနဲ့ဖုန်းပြောနေတာလဲ။ပြောတော့ ကလေးကိုအရမ်းချစ်တယ်ဆို။"ဖုန်းထဲကနေ ကောင်မလေးတစ်ယောက်အသံကြားလိုက်ရတယ်။

"ဖယ်စမ်းပါ။မင်းကဘယ်သူလဲ။babyသူပြောတာမယုံနဲ့နော်။ကိုသူ့ကိုမသိဘူး"လို့ အလောတကြီးဖြေရှင်းချက်တွေပေးနေသည်။

"တော်ပြီ။အော် ဒါနဲ့ ကျွန်မရှင့်ကိုပေးထားတဲ့ ဘဏ်ကဒ်တွေကိုအားလုံးပိတ်ပစ်လိုက်ပြီ။ပြီးတော့ ရှင်ကျွန်မကိုပေးဖို့လိုတဲ့ အကြွေးသိန်းထောင့်ငါးရာကို နောက်တစ်ပတ်စာရင်းပြတ်လိုချင်တယ်။မပေးနိုင်ရင် တရားစွဲခံရဖို့ပြင်ထား။"လို့တည်ငြိမ်အေးဆေးတဲ့အသံနဲ့ပြောပြီး ဖုန်းချလိုက်တယ်။

သက်ပြင်းတစ်ချက်ချကာ သူမနဲ့ မိန်းရဲသစ်တို့ရဲ့ အထက်တန်းကျောင်းသားဘဝ၊တက္ကသိုလ်ကျောင်းသားဘဝအားလုံးကိုပြန်မြင်ယောင်မိတယ်။သူနဲ့ဘဲ လက်ထပ်ရမယ်၊သူနဲ့ဘဲဘဝတစ်လျှောက်လုံးဖြတ်သန်းရမယ်လို့ တွေးခဲ့ပြီး သူ့ကိုယုံကြည်မှုအားလုံးကိုပုံအပ်ခဲ့တယ်။နောက်ဆုံးတော့ ဒီ (၉)နှစ်ဆိုတဲ့ကာလကြီးက သဲထဲရေသွန်ပါဘဲ။လွန်ခဲ့တဲ့တစ်ပတ်ကလမ်းခွဲဖို့ပြောတုန်းကလည်းသူမဘာမှမခံစားရသလိုဘဲ။သူမအတွက်တော့လမ်းခွဲခြင်းဟာအေးဆေးဘဲ။သူတို့နှစ်ယောက်ကြားမှာရှိခဲ့တာ အချစ်လားသံယောဇဉ်တစ်မျှင်ဘဲလားဆိုတာမကွဲပြားတော့ဘူး။သူမတစ်ယောက်တည်းရပ်တည်နေရတဲ့ ကမ္ဘာမှာမိန်းရဲသစ်ကလွဲလို့လူတစ်ယောက်ကိုဘယ်တော့မှမယုံကြည်ဖူးဘူး။လောဝ်လွန်က မှန်ကနေအပြင်ကိုလှမ်းကြည့်လိုက်တော့ မတ်တပ်ရပ်နေတဲ့ဖေးကိုမြင်ပြီး ဒီကောင်လေးကိုငါတစ်ခေါက်လောက်ယုံကြည်ရင်ကောင်းမလား လို့ တွေးမိတယ်။

365 မှတည်သော မေတ္တာတရားWhere stories live. Discover now