Part(5)

980 75 2
                                    

လောဝ်လွန်က သူမအခန်းထဲမှာရှိတဲ့ ဆိုဖာပေါ်ကိုသွားအိပ်လိုက်ပြီး မျက်နှာပေါ်လက်တင်ထားရင်းသူမဒီလောဝ်အိမ်တော်ကိုဘယ်လိုရောက်ခဲ့ပုံကိုမြင်ယောင်နေမိတယ်။ယခုအိမ်တော်ကိုအုပ်ချုပ်နေသူမှာသူမဦးလေး လောဝ်လုန်တိန်း ဖြစ်သည်။အမှန်တကယ် ဒီအိမ်တော်ကိုအုပ်ချုပ်ရသူမှာ သူမအဖေ လောဝ်အွန်မိန်း ဖြစ်သည်။သို့သော် သူမငယ်ငယ်တုန်းက သူမဦးလေးက သူမအဖေကို အမွေကိစ္စနဲ့သတ်ပစ်ပြီး သူမအမေကို ထိုင်းသို့မောင်းထုတ်ခဲ့တယ်။သူမအသက် ၈နှစ်အထိထိုင်းမှာသူမအမေနဲ့အတူ ခြိုးခြံစားသောက်ပြီးနေထိုင်ခဲ့သည်။ပိုက်ဆံမရှိသောရက်များတွင် ဆန်ကြမ်းကိုရေဖျော်သောက်ရတဲ့အထိဖြစ်ခဲ့တယ်။သူမအမေက သူဌေးသမီးဖြစ်သောကြောင့် ဒီလောကဓံကိုကျော်ဖြတ်နိုင်ဖို့ စိတ်အားအင်မလုံလောက်ပေ။အဖေ့ကိုသတိရသည်အတွက်ကြောင့်လည်းပါသည်။သူမ(၈)နှစ်အရွယ်မှာ သူမအမေဆုံးပါးသွားခဲ့သည်။

သူမအသက်(၉)နှစ်မှာတော့ ဦးလေးဆိုတဲ့ထိုလူက သူမကိုလောဝ်အိမ်တော်ရဲ့ဒုတိယသမီးအဖြစ်လာရောက်ခေါ်ဆောင်ခဲ့သည်။အဘွားဖြစ်သူက သူမမသေဆုံးမီ သေတမ်းစာထဲတွင် လောဝ်လွန်ကိုအမွေဆက်ခံသူအဖြစ် ရေးသွားခဲ့သည်။ဒီကိစ္စကို ဦးလေးကမကြေညာဘဲ သူကို့ဆက်ခံသူအဖြစ်ကြေညာသွားသည်ဟု သတင်းမီဒီယာတွေကိုကြော်ညာခဲ့သည်။ဒီကိစ္စအားလုံးကိုသူမလောဝ်အိမ်တော်ရောက်ပြီး ၃နှစ်ကြာမှသိခဲ့ရသည်။သူမမိဘတွေကိုဒုက္ခပေးခဲ့လူက ဦးလေးဖြစ်ကြောင်း သိသိချင်းလက်စားချေဖို့ကြိုးစားခဲ့သည်။သူမအသက်၁၈နှစ်မှာလောဝ်အိမ်တော်ကထွက်လာပြီး အပြင်လောကမှာတစ်ယောက်ထည်း ရုန်းကန်ခဲ့ကာအသက်(၂၅)နှစ်မှာ ဒီလိုကုမ္ပဏီကြီးတစ်ခုကိုတည်ထောင်နိုင်ခဲ့သည်။အခုအိမ်တော်မှာ သူမရဲ့အုပ်ချုပ်သူနေရာပြန်ယူဖို့အစွမ်းကုန်ကြိုးစားရမည်ဖြစ်သည်။လောဝ်လွန်အတိတ်အကြောင်းကိုစဉ်းစားမိပြီး မျက်ရည်တွေစို့လာခဲ့တယ်။သူမမငိုခဲ့တာ၈ နှစ်တောင်ရှိပြီ။ပင်ပန်းပေမဲ့ မငိုတော့ပေ။

"ဦးစံမင်း။ကျွန်မလောဝ်အိမ်တော်ကိုပြန်မယ်။ကားပြင်ထားလိုက်"ဆိုပြီး ဒါရိုက်ဘာကို ဖုန်းဆက်ပြောလိုက်တယ်။လောဝ်လွန်အိမ်တော်ရောက်ရောက်ချင်း သူမအပေါ်ကြင်နာခဲ့တာဆိုလို့ ဒါရိုက်ဘာဦးစံမင်းရယ်၊သူမရဲ့အစေခံ နာနီရယ်၊သူမအစ်မတစ်ဝမ်းကွဲ လောဝ်ဆုမ်ဆိုင်ဘဲရှိခဲ့တယ်။

365 မှတည်သော မေတ္တာတရားWhere stories live. Discover now